ကြံခင်းမြို့တွင် မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများ ထောက်ပံ့ပေးအပ်



MNP ၊  ဧပြီ ၁၁

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ကြံခင်းမြို့နယ် ပိုးစုကြီးအုပ်စု  ထိန်ပင်မြောင်အောက်စုတွင် မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို ဧပြီ ၉ ရက်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို ဧရာသီရိခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ထောက်ပံ့ပေးခြင်းကို ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သဲထွဋ်ကျော့သဇင်နှင့် တာဝန်ရှိသူများက ကြံခင်းမြို့နယ် ပိုးစုကြီးအုပ်စု ထိန်ပင်မြောင်အောက်စုတွင် ဧပြီ(၇)ရက်နေ့က မီးဘေးသင့်ခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံးတစ်လုံးစီ(၇၀၀၀၀၀ိ/)နှင့် လူဦးရေ(၂၀)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၄၂၀၀ဝိ/) စုစုပေါင်းငွေကျပ်(၇၄၂၀၀ဝိ/)ကိုသက်ဆိုင်ရာမှတစ်ဆင့် မီးဘေးသင့်ပြည်သူများအား  တာဝန်ရှိသူအသီးသီးက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)