ကျွန်းလှမြို့နယ်၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေ


MNP ၊  ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံပြောင်းစိုက် တောက်သူများထံမှ သိရသည်။


“ကျွန်တော်တို့ ဒေသမှာ ဖူးစားပြောင်းအဖြစ် ထိုင်ဝမ်ပြောင်းချိုကို ဦးစားပေးစိုက်ပျိုးကြပါတယ်၊ ပြောင်းစိုက်ရာမှာ နွေ၊ မိုး၊ ဆောင်း ရေတင်စိုက်ပျိုးကြပါတယ်။ အခု ၀ ဒသမ ၂၅ ဧက စိုက်ပျိုးထားရာ ငွေကျပ် တစ်သိန်းခန့်ကုန်ကျပါတယ်။ ပြောင်းစိုက်ခင်းတစ်ခင်းပြောင်းဖူး ၁၅၀၀ ခန့် ထွက်ရှိပြီးလက်ရှိ ပြောင်းဖူးတစ်ဖူး ကြီးရင် ငွေကျပ် ၄၀၀၊သေးရင် ငွေကျပ် ၃၀၀ ရောင်းနေရပါတယ်” ဟု ပြောင်းစိုက်တောင်သူတစ်ဦးက ပြောပြသည်။


ကျွန်းလှမြို့နယ်တွင် ပြောင်းအဓိက စိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်းများ စိုက်ပျိုးကြကြောင်း၊ ထွက်ရှိလာသည့် ပြောင်းဖူးများအား မြို့တွင်းဈေးများနှင့် နီးစပ်ရာမြို့များသို့ ရောင်းချကြကြောင်း သိရသည်။


မျိုးဝင်းညို

 https://t.me/MyanmarNationalPost







No comments:

Post a Comment