မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သံတွဲမြို့ နယ်၊ကျောက်ကြီးကျေးရွာ မဟာဝိသုဒ္ဒါရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဇာဂရအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သံတွဲမြို့ နယ်၊ကျောက်ကြီးကျေးရွာ မဟာဝိသုဒ္ဒါရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဇာဂရအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ



MNP ၊  ဧပြီ ၁၁

သံတွဲမြို့နယ် ၊ ကျောက်ကြီးကျေးရွာမဟာဝိသုဒ္ဓါရုံကျောင်းတိုက် ဦးစီးပဓါနနာယက ဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ  ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံက် ၈း၃၀ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။ 


ရှေးဦးစွာ ကြွရောက်တော်မူကြသည့် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကို နမော တဿ ဗုဒ္ဓဝန္ဒနာ ဂါထာတော်ကို သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ် ပေးကြ သည်။ ထို့နောက် ရခိုင်ပြည်နယ်မင်းပြားမြို့ ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက် ဦးစီးပဓါနနာယက၊ နိုင်င့တော်သံဃမဟာနယကအဖွဲ့ (တွဲဖက်အကျေိုးတော်ဆောင်) ဆရာတော် ဘဒ္ဒန္တဣန္ဒာရိယ ( အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ 


ဆက်လက်၍ ဦးစောထွေး ကသံတွဲမြို့နယ် ၊ ကျောက်ကြီးကျေးရွာမဟာဝိသုဒ္ဓါရုံကျောင်းတိုက် ဦးစီးပဓါနနာယက ဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ   ၏ ထေရုပ္ပတ္တိအားဖတ်ကြားပူဇော်ခဲ့သည်။၎င်းနောက် မဟာဗောဓိစာသင်တိုက် ဦးစီးပဓါနနာယက( အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ) (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)ဆရာတော်ဘဒ္ဒန္တ ကလျာဏ ဩဝါဒကထာမိန့်ကြားတော်မူပါသည်။


ဆက်လက်၍  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဥက္ကဌဦးမျိုးချစ်၊အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် အလှူရှင်များက မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ  သံတွဲမြို့ နယ်၊ကျောက်ကြီးကျေးရွာ မဟာဝိသုဒ္ဒါရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဇာဂရအားအား ထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လှူဘွယ်ဝတ္ထုများကိုဆက်ကပ်လှူဒါန်းပြီး ပင့်ဖိတ်၍ ကြွရောက်တော်မူကြသည့် ဆရာတော် သံဃာတော်များအား လှူဘွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး သုခဝတီပရိယတ္တိစာသင်တိုက်၊ သုခါဝါသဓမ္မရိပ်သာ၊ ဥက္ကလာသီရိကျောင်း (သုခဝတီ-ရန်ကုန်)တို့၏ ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာ(မဟာသဒ္ဒမ္မဇောတိကဓဇ) က လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးပေးဝေခဲ့သည်။


ထို့နောက် မြို့မမေတ္တာတေးသံအဖွဲ့က ဆရာတော်အား တေးထပ်၊ ရတုများရွက်ဆိုပူဇော်ခဲ့ကြပြီး ဗုဒ္ဓသရနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)