သထုံမြို့၌ နှစ်သစ်ကူးအကြို ရိုးရာသင်္ကြန်ထမင်းစတုဒီသာ စုပေါင်းကျွေးမွေးလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့၌ နှစ်သစ်ကူးအကြို ရိုးရာသင်္ကြန်ထမင်းစတုဒီသာ စုပေါင်းကျွေးမွေးလှူဒါန်း




MNP ၊  ဧပြီ ၁၁

မွန်ပြည်နယ်၊ သထုံမြို့တွင် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်ကြီးများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး မြောက်ဘက်မုခ်အနီးရှိ ဘုရားလမ်းမပေါ်၌ မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်သစ်ကူးအကြိုအဖြစ် ရိုးရာသင်္ကြန်ထမင်း စတုဒီသာကို စုပေါင်းကျွေးမွေးလှူဒါန်းခဲ့ကြသည်။


"သင်္ကြန်ကာလမှာ ရိုးရာအစဉ်အလာမပျက်ပေါ့လေ စတုဒီသာနှစ်စဉ် ကျွေးမွေးလာတာ ဒီနှစ်နဲ့ပါဆို  ငါးကြိမ်မြောက်ရှိပြီ။ စတုဒီသာဆိုတာကယုတ်၊ လတ်၊ မြတ်မရွေးဘယ်သူမဆို စိတ်ကြိုက်အားပါးတရသုံးဆောင်နေကြတာ မြင်ရတာကိုဘဲ ပီတိဖြစ်ပြီး စိတ်ချမ်းသာတဲ့အကျိုးကို ချက်ခြင်းရတယ်" ဟု ဦးဆောင်စီစဉ်သူ ဆန်ကုန်သည်ကြီးတစ်ဦးက ပြောသည်။


ရိုးရာသင်္ကြန်ထမင်း စတုဒီသာလှူဒါန်းရာတွင် သထုံမြို့ပေါ်ရှိ ရပ်ကွက်များမှပြည်သူများနှင့် ဘုရားဖူးများလာပြည်သူတို့က ပျော်ရွှင်စွာဖြင့် လာရောက်သုံးဆောင်ကြပြီး ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်ကြီးများ၊ ပရဟိတအဖွဲ့ဝင်များတို့က တပျော်တပါး စုပေါင်းလုပ်အားပေးကုသိုလ်ယူခဲ့ကြသည်။


သထုံမြို့နယ်တွင် ယခုနှစ်မဟာသင်္ကြန်ပွဲတော်၌ ရိုးရာအစားအစာများကို ယခုကဲ့သို့ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းများအပြင် ပွဲတော်ကာ၌ အစုအဖွဲ့အလိုက်နေ့စဉ် စတုဒီသာကျွေးမွေးခြင်း၊ ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော် ထည့်သွင်းကျင်းပခြင်း၊ ရိုးရာအစဉ်အလာမပျက် သက်ကြီးပူဇော်ပွဲများ၊ ဇီဝိတဒါနငါးလွှတ်ပွဲများ၊ အစုအဖွဲ့အလိုက် ရေကစားမဏ္ဍပ်များစသည်တို့ဖြင့် အေးချမ်းပျော်ရွှင်စွာရေကစားခြင်း၊ ကုသိုလ်ပြုခြင်းတို့ကို ဆင်နွှဲနိုင်စေရန်စီစဉ်ထားကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ သိရသည်။


နဒီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment