မျက်စိဝေဒနာရှင် (၁၂၅၄) ဦးအားသီတဂူ စက္ခုဒါနဆေးရုံတော်ကြီးတွင် အခမဲ့ခွဲစိတ်စမ်း သပ်ကုသပေနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျက်စိဝေဒနာရှင် (၁၂၅၄) ဦးအားသီတဂူ စက္ခုဒါနဆေးရုံတော်ကြီးတွင် အခမဲ့ခွဲစိတ်စမ်း သပ်ကုသပေနိုင်ခဲ့




MNP ၊  ဧပြီ ၁၁

နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီး ဦးဆောင်ကြီးကြပ်မှုဖြင့် သီတဂူစက္ခုဒါနဆေးရုံ တော်ကြီး(ရန်ကုန်)၌ ဧပြီ (၅) ရက်မှ(၁၀)ရက်နေ့အထိအခမဲ့စမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာမျက်စိဝေဒနာရှင်(၁၂၅၄)ဦး အားဆေးရုံတော်ကြီးတွင် အခမဲ့ခွဲစိတ်၊ စမ်းသပ်ကုသပေနိုင်ခဲ့ကြောင်းသိရသည်။


ယင်းသို့ဆောင်ရွက်ပေးရာတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား သီတဂူနယ်လှည့် မျက်စိအထူးကုဆရာဝန် ပါရဂူကြီးများကအခမဲ့ခွဲစိတ် စမ်းသပ်ကုသပေးခဲ့ ရာတွင်ဧပြီ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နေ့များတွင် စမ်းသက်စစ်ဆေးပေးခဲ့ပြီး ဧပြီ ၇ ရက်နေ့ညနေ့ပိုင်း မှစတင်ကာ ဧပြီ ၁၀ ရက်နေ့ အထိ မျက်စိဝေဒနာရှင် (၁၇၄)ဦးကိုခွဲ စိတ်ပေးနိုင်ခဲ့ပြီး၊ Laser Treatment ကုထုံးဖြင် (၃၈)ဦးကို ကုသဆောင်ရွက်ပေးနိုင်ခဲ့ပြီး လိုအပ်သည့်ဆေးဝါးများကိုပါ ပေးအပ်လှူဒါန်းခဲ့ကြသည်။


ထို့အပြင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်းလည်း ဆရာတော်ကြီး၏ ဦးဆောင်မှု ဖြင့်မျက်စိ ဝေဒနာရှင်များကို့ အခမဲ့ခွဲစိတ် ကုသခြင်းများကိုလည်းဆက်လက် ဆောင်ရွက်ပေး သွား မည်ဖြစ်ကြောင်းနှင်ယခုခွဲစိတ်ကုသ ပေးသည့်သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးနှင့် ခွဲစိတ်ကုသရာတွင်အသုံးပြုသည့် စက်ပစ္စည်းများကို အလှူရှင် ဒေါက်တာ နိုင်ထွဋ်အောင် နှင့် ဒေါက်တာ ဝေဝေရင်မီသားစုက အဓိကလှူဒါန်းပေးခဲ့ကြောင်းနှင့်မြန်မာပြည် မြောက်ဖက် နန်းခမ်းမြို့မှ တောင်ဖက်တနင်္သာရီတိုင်း ဒေသကြီးမြိတ်မြို့အထိ သီတဂူစက္ခုဒါန ဆေးရုံ  (၄၅)ရုံဖွင့်လှစ်နိုင်ခဲ့ပြီး မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ လျက်ရှိကြောင်းသိရသည်။


ကျော်ဆန်းမြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)