စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုံဟီးမြို့ နှင့်နန်းယွန်းမြို့နယ်များမှ ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နာဂရိုးရာ စာပေနှင့်ယဉ် ကျေးမှုကော်မတီနှင့် တွေ့ဆုံပွဲအခမ်းအနားနှင့် ခန္တီးမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုံဟီးမြို့ နှင့်နန်းယွန်းမြို့နယ်များမှ ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နာဂရိုးရာ စာပေနှင့်ယဉ် ကျေးမှုကော်မတီနှင့် တွေ့ဆုံပွဲအခမ်းအနားနှင့် ခန္တီးမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြ



MNP ၊  ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဦးစီးအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါလျက်  ဧပြီလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုံဟီးမြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဒုံဟီးမြို့နှင့်နန်းယွန်းမြို့ နယ်ဒေသအဆင့် ဌာနဆိုင် ရာများ၊ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအာကာဦးက မြို့နယ်များ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာဂဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် နာဂဒေသရှိတိုင်းရင်းသားလူမျိုးများ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလေးအနက်ထားကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့်လည်း နိုင်ငံတော်၏ကျေးဇူး သစ္စာအားစောင့်သိကာ မိမိဒေသနှင့် ဌာနအတွက်ပေးအပ်ထားသည့် တာဝန်ဝတ္တရားများအား ကျေပွန်စွာထမ်းဆောင်သွားကြ ရန်လိုအပ်ပါကြောင်း၊ တောင်တန်းဒေသဖြစ်၍ သွားလာမှုခက်ခဲ သော်လည်း မိမိတို့၏လုပ်ဆောင်ရမည့် တာဝန်များအပေါ် ကျေပွန်အောင်ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်နေကြောင်း တွေ့ရှိရပါ၍ အသိမှတ်ပြုကျေးဇူးတင်ပါကြောင်းနှင့်ယခု ထက်နယ်မြေဒေသ တည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။


ထို့နောက် နန်းယွန်းမြို့၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းချမ်းအောင်က မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြသည်။


ဆက်လက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေ အနေများအား ရှင်းလင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နန်းယွန်းမြို့၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေး မှုကော်မတီ အဆောက်အဦတည်ဆောက်ရန်အတွက် ငွေကျပ် သိန်း ၁၀၀ ၊ ဒုံဟီးမြို့နှင့် နန်းယွန်းမြို့နယ်ဒေသအဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် နန်းယွန်း မြို့နယ်၊ စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌထံ ငွေကျပ် ၁၀ သိန်းအားပေးအပ်ခဲ့ပြီး ဦးစီးအဖွဲ့ဥက္ကဌနှင့် တိုင်းဒေသကြီး ပညာရေးမှူးတို့က ဒေသခံတောင်သူများထံ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ကော်ဖီ၊လက်ဖက် ပျိုးပင်များပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒုံဟီးမြို့၊ ထန်းရုန်းရပ်ကွက်ရှိ တောင်သူဦးအောင်သန်း စိုက်ပျိုးထားရှိသည့် ထောပတ်၊ သရက်၊ မတ်မန်း ဥယျာဉ်ခြံ ၃ ဧက စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ခန္တီး-ဖားလမုန်း-တာမခံ-ညောင်ပင်လမ်းပေါ်ရှိ နန်ခမာချောင်း ကူးယာယီတံတားအား ဖြတ်သန်းကြည့်ရှုကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် အလျား ၂၄ ပေ၊ အကျယ် ၂၀ ပေ၊ Box Culvert ၃ စင်းနှင့် အလျား ၂၄ ပေ၊ အကျယ် ၅ ပေ Box Culvert ၁၀ စင်း၊ တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တည် ဆောက်ရေးလုပ်ငန်းများနှင့်


ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)