သက်ငယ်မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သက်ငယ်မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ


MNP ၊  ဧပြီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ သက်ငယ်မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေး အသိပညာပေးဟောပြောပွဲကို ဧပြီ(၂၀)ရက် မွန်းလွဲ(၁)နာရီက ကျောက်‌မြောင်းကျေးရွာအုပ်စု ၊ ကဇက်ကျေးရွာ အထက(ခွဲ)၌ ပြုလုပ်ခဲ့သည်။


အသိပညာပေး‌ဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဦး၊ ဥပဒေအရာရှိ ဦးအောင်ဇော်ရှိန်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်နီလေးလွင်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌကိုယ်စား ဒေါ်ငြိမ်းသက်ပန်တို့က သက်ငယ်မုဒိမ်းမှု၊ အိမ်းတွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဟောပြောခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)