နောင်ချိုမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစာဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစာဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး


MNP ၊  ဧပြီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍  ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


နောင်ချိုမြို့နယ်တွင် ဧပြီလအတွက် အငြိမ်းစားပင်စင်လစာငွေများကို ထုတ်ပေးရာတွင် ဧပြီလ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိပါက မေလဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် နောင်ချိုမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူ(၁၅၀၀)ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)