ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ၊ အရန်မီးသတ်များနှင့် ရပ်ကွက်နေပြည်သူများ လောင်နေသော တောမီးနှင့် အမှိုက်ပုံမီးအား ဝိုင်းဝန်းငြိမ်းသတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ၊ အရန်မီးသတ်များနှင့် ရပ်ကွက်နေပြည်သူများ လောင်နေသော တောမီးနှင့် အမှိုက်ပုံမီးအား ဝိုင်းဝန်းငြိမ်းသတ်


MNP ၊  ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အမှတ်(၁)၊ သီရိမင်္ဂလာရပ်နှင့် သံတော်ကုန်းစည်ပင်အမှိုက်ပုံနှင့် ပတ်ဝန်းကျင်တောထဲ၌ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က တောမီးနှင့် အမှိုက်ပုံမီးလောင်နေခြင်းကြောင့်  ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့နှင့် ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်သည့်နေရာသို့ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၁၄)ဦး၊ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်(၆)ဦး၊ ရေသယ်ယာဉ်(၁)စီး၊ အမှတ်(၁) အရန်မီးသတ် (၁၂)ဦး၊ အမှတ်(၅)အရန်မီးသတ်မှ (၈)ဦး၊ ကရုဏာရှင် နာရေးကူညီမှုအသင်းမှ အသင်းသား (၆)ဦး၊ ရေသယ်ယာဉ်(၁)စီး၊ ကဲကဲတို့အဖွဲ့ ရေအလှူအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများ ဝိုင်းဝန်းမီးငြိမ်းသတ်ကြရာ နေ့ခင်း ၁ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


မီးလောင်ကျွမ်းမှုသည် စည်ပင်စွန့်ပစ်အမှိုက်ပုံမီးမှတစ်ဆင့် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တောမီးလောင်ကျွမ်းမှုကြောင့် မြက်ခြောက်တောများ ၁၀ ဧကခန့် မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်ယာဥ်များ ဝင်/ထွက်သွားလာနိူင်ခြင်းမရှိသဖြင့် မီးသတ်ပိုက်လိပ်များစွာ သွယ်တန်း၍ ရပ်ကွက်လူနေအိမ်များ မီးကူးစက်လောင်ကျွမ်းမှုမရှိစေရေး ခက်ခဲစွာ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောကြား၍ သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)