မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင်ရမ်းဗြဲမြို့၌သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင်ရမ်းဗြဲမြို့၌သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့ပွဲကျင်းပ




MNP ၊  ဧပြီ ၁၇    

   ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့၌မြန်မာနှစ်ဆန်းသမယတွင်မြို့ပေါ်ရပ်ကွက်များမှအဘိုးအဘွား(၃၀)ဦးအားပူဇော်ကန်တော့  ခြင်းမင်္ဂလာအခမ်းအနားကိုယနေ့နံနက်၈နာရီအချိန်ကရမ်းဗြဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရမ္မာဝတီခန်းမတွင်ကျင်းပကြသည်။အဆိုပါပူဇော်ပွဲအခန်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ဌာဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လူမူရေးအသင်းအဖွဲ့များကတက်ရောက်ကြပါသည်။         

                                          

ရှေ့ဦးစွာပူဇော်ပွဲတက်ရောက်လာကြသူများမှသက်ကြီးအဘိုးအဘွားများအားပူဇော်ကန်တော့ခဲ့ကြပြီးနောက်အပူဇော်ခံအဘိုးအဘွားများမှအဘိုးတစ်ဦးကပူဇော်ကန်တော့ကြသူများကိုဆုတောင်းမေတ္တာပို့သပေးပြီးတက်ရောက်လာကြသူများကအဘိုးအဘွားများအတွက်လှူဒါန်းဖွယ်ဝတ္ထုပစ္စည်းများဖြင့်ပူဇော်ကန်တော့ခဲ့ကြကြောင်းသိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment