MNP ၊ ဧပြီ ၆
တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ (၁၆)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာကို ဧပြီ ၅ ရက်နှင့် ယနေ့တို့တွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ရဟန်းခံ၊ ရှင်သာမဏေ၊ သီလရှင် ဝတ်ကြ မည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှ ရဟန်းခံ၊ ရှင်လောင်း၊ နားသကြမည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ရှင်လောင်း လှည့်လည်ယာဉ်များဖြင့် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်းမှ ကျိုင်းတုံမြို့အတွင်းရှိ တန်ခိုးကြီး ဘုရားပုထိုးစေတီတော်များအား လှည့်လည်ပူဇော်ခြင်းများ ပြုလုပ်ကြ သည်။ ထို့နောက် ပြည်ငြိမ်းအေးခန်းမ၌ ရဟန်းလောင်း ၉၀ ပါး၊ ရှင်သာမဏေ လောင်း ၁၃ ပါးနှင့် သီလရှင်လောင်း ၁ ပါးတို့ကို ဆံချခြင်းမင်္ဂလာ၊ သင်္ကန်းစည်း ပေးခြင်း၊ သာသနာ့ ဘောင်သို့ သွတ်သွင်းခြင်းနှင့် သိမ်တက်ခြင်း မင်္ဂလာတို့ကို ပြုလုပ် ကြသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ရဟန်း၊ သံဃာ၊ ကိုရင်နှင့် သီလရှင် စုစုပေါင်း ၁၄၃ ပါးကို တိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ၌ တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် အလှူရှင်များက သိမ်ဆင်းလောင်းလှူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ ကျိုင်းယင်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္ဘ ခေမာစာရ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ ကိုနာယူကြသည်။
၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ကျိုင်းတုံမြို့၊ သာသနာ့ဝေပုလ္လ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝိဇယထံ မှ သာဓုအနုမောဒနာတရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment