ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်ရှိ IDPs စခန်း (၆)ခုမှ နေရပ်များသို့ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စု (၁၀၀) ကျော်အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်ရှိ IDPs စခန်း (၆)ခုမှ နေရပ်များသို့ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စု (၁၀၀) ကျော်အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများကွင်းဆင်းစစ်ဆေး







MNP ၊ ဧပြီ ၆

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်းနေ ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၆ ရက် နံနက် ၈ နာရီခွဲက ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း ၆ ခုမှ ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု (၁၀၀)ကျော်တို့အား မိုင်းနားကျေးရွာရှိ မိုင်းနား KBC ဖွံ့ဖြိုးရေးခြံ IDPs စခန်း၌ အခြေခံစားသောက် ကုန်နှင့် ထောက်ပံ့ပစ္စည်းများကို ဌာနဆိုင်ရာများနှင့် သွားရောက်ထောက်ပံ့ပေးအပ်ကြသည်။


ထိုသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က (၁၀) စုနှစ်ကြာ နေရပ်စွန့် ခွာတိမ်းရှောင်နေထိုင်ခဲ့ကြသည့် ပြည်သူများအနေဖြင့် ယနေ့ နေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ ပြောင်းနေထိုင်ကြမည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် လတ်တလော နေထိုင်စားသောက်မှု အဆင် ပြေစေရေးအတွက်ယခုလိုထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ နေရပ်ကျေးရွာများတွင်လည်း ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း တိုက်တွန်းအားပေးပြောကြားသည်။


ယင်းနောက် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ် ဂါးရာယန်ကျေးရွာနှင့် ကဇူးယန်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် မိုင်းနားဖွံ့ဖြိုး ရေးခြံ KBC ၊ မိုင်းနားကတ်သလစ်၊ မိုင်းနားလဝမ်၊ အမှတ်(၃)လော်ဝေါ်အေဂျီ၊ မဒိန်နှင့် အမှတ်(၂) မြို့မနှစ်ခြင်း IDPs စခန်းများမှ အိမ်ထောင်စု ၁၀၅ စု၊ လူဦးရေ ၅၅၀ ဦးတို့အတွက် ပြည်နယ်အစိုးရ အဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန်(၁)အိတ်၊ ဆီ (၁)ပုံးစီနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြောင်းရွှေ့စရိတ် ငွေကျပ် ၁၀၀၀၀၀၊ Family Kit (၁)ပုံးစီနှင့် (၁)လစာဆန်ရိက္ခာဖိုးငွေကျပ် ၄၉၅၀၀၀၀၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ Hygiene Kit ၊ Shelter Tool Kit ၊ Dignity Kit (၁)ပုံးစီဖြင့် ငွေသားနှင့်ပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ် ၃၉၄၉၅၀၀၀ အသီးသီးထောက်ပံ့ပေးအပ် ခဲ့ကြရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။       


အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေး မြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ဧပြီ ၅ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ နန်ကျင်ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း (၁၀၀)ဖြင့် ပူတာအိုဒေသထွက်သီးနှံများအား အဆင့်မြင့်စားသောက်ကုန်ထုတ် လုပ်သည့်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကဆန်ထီ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၌ ဒေသထွက်ဆနွင်းထုတ်ကုန်များ၊ သစ်ကြားသီး၊ အမေရိကန်သံပုရာ၊ ဂရိတ်ဖုသီးစသည့်တို့အား အဆင့်မြင့်စားသောက်ကုန်ထုတ်လုပ်နေမှု အခြေအနေတို့ကို အသင်း ဥက္ကဋ္ဌ၊ အသင်းသူ/အသင်းသားများ၏ လိုက်လံရှင်းလင်းတင်ပြမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကုန်ကြမ်းရရှိမှု၊ ဈေးကွက်တင်ပို့နိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည့် နည်းပညာပံ့ပိုးမှု၊ FDA ခွင့်ပြုမိန့်နှင့် အသင်းအဖွဲ့လိုင်စင်ရရှိရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ် ခါးရှိကျေးရွာအတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း (၁၀၀၀) ဖြင့် ဒေသခံတောင်သူများအစုအဖွဲ့ဖြင့် ပေါင်ကမ်လား လယ်ယာအထောက်အကူပြုဝန်ဆောင်မှုသမဝါယမအသင်း(လီမိတက်)၏ သဘာဝမြေသြဇာထုတ် လုပ်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အသင်းသား/ အသင်းသူများနှင့် တွေ့ဆုံပြီး သဘာဝမြေ သြဇာထုတ်လုပ်သွားမည့် အစီအစဉ်များနှင့် ဈေးကွက်ရရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍တင်ပြမှု များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ဌာနဆိုင်ရာနှင့် ကုန်ကြမ်းရရှိနိုင်မည့် အခြေအ နေများ၊ နည်းပညာပံ့ပိုးကူညီပေးနိုင်ရေး၊ ဈေးကွက်ဖြန့်ဖြူးနိုင်ရေးနှင့် သွင်းအားစုများရရှိရေးတို့ကို အကြံပြုပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ သဘာဝမြေသြဇာထုတ်လုပ်သွားမည့် လုပ်ငန်းအဆင့်ဆင့်နှင့် စက်ပစ္စည်းများ ဝယ်ယူစုဆောင်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)