နှစ်ဆန်းတစ်ရက်နေ့တွင် ဂွမြို့နှင့် ကျိန္တလီမြို့ပေါ် ရပ်ကွက် ၊ကျေးရွာအသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ ၌ဥပုသ်သီလဆောက်တည်သူများနှင့်ကောင်းမှုကုသိုလ်ပြုသူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်ဆန်းတစ်ရက်နေ့တွင် ဂွမြို့နှင့် ကျိန္တလီမြို့ပေါ် ရပ်ကွက် ၊ကျေးရွာအသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ ၌ဥပုသ်သီလဆောက်တည်သူများနှင့်ကောင်းမှုကုသိုလ်ပြုသူများဖြင့်စည်ကား




MNP ၊  ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ဂွမြို့နှင့် ကျိန္တလီမြို့များတွင်နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင်မြို့ပေါ်ရပ်ကွက် ၊ကျေးရွာအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည် သူများ၊ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်းကား လျက်ရှိကြောင်း သိရသည်။


     မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူး ပြောင်းသော နှစ်ဆန်းတစ်ရက်အခါသမယ ကာလတွင်ဂွမြို့နှင့် ကျိန္တလီမြို့ရပ်ကွက် ၊ကျေးရွာအတွင်းရှိ ပြည်သူများ က ဘုန်တော်ကြီး ကျောင်းများ၌ ဥပုသ်သီလခံယူဆောက်တည်ခြင်း တရားဘာဝနာ ပွားများအားထုတ်ခြင်း၊ ဘုရားစေတီ များတွင် ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်ဆောင်ရွက် ကြပြီး အလှူရှင်များမှလည်း ဥပုသ်သီလဆောက်တည် သူများအား စတုဒီသာတို့ဖြင့် ကျွေးမွေးလှုဒါန်းခြင်းများဖြင့် လူငယ်များမှ လည်း လုပ်အားဒါန ကုသိုလ်ယူ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ 


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)