ရွှေတောင်မြို့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲကျင်းပ





MNP ၊  ဧပြီ ၁၇

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ တွင်မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ နှစ်စဥ်ကျင်းပလျက်ရှိသော သက်ကြီး ဘိုးဘွားများအား ပူဇော်ပွဲကို ယနေ့နံနက်၈နာရီက ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာ၊ ဘိုးဘွားရိပ်သာ၌ ကျင်းပခဲ့သည်။


     ထိုသို့ ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်  ဦးဆောင်ပြီး မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြို့ပေါ်(၃)ရပ်ကွက်မှအသက်(၈၅)နှစ်အထက် ဘိုးဘွား(၂၄)ဦးအား တစ်ဦးလျှင် အလှူငွေ ၁၀၀၀၀/-ကျပ်နှုန်းဖြင့် လည်းကောင်း ၊ ကြို့ကုန်းဘိုးဘွားရိပ်သာရှိ ဘိုးဘွား (၂၀)ဦးအား တစ်ဦးလျှင် အလှူငွေ  ၁၀၀၀၀/- ကျပ်နှင့် (ပရုပ်ဆီ၊ အစာကြေဆေး၊ ဆပ်ပြာ၊မိုင်လို၊ လက်ဖက်ခြောက်) ၆၀၀၀/-နှုန်းဖြင့်  စုစုပေါင်းတန်ဖိုးငွေကျပ် ၅၆၀၀၀၀/-ကို ဘိုးဘွားများအား ပူဇော် ကန်တော့ခဲ့ကြပြီး ဘိုးဘွားများ၏ကိုယ်စား အဘိုးတစ်ဦးက ဆုပေးမေတ္တာ စကားပြောကြားခဲ့ ကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)