ငါက အလုပ်သမားသက်သက်ပါလို့ ယာဂင်ကလော့ပ် ပေါက်ကွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါက အလုပ်သမားသက်သက်ပါလို့ ယာဂင်ကလော့ပ် ပေါက်ကွဲ



MNP - ဧပြီ  ၁၇


လီဗာပူးလ်အသင်းဟာ လက်ရှိမှာ အတော်လေးရုန်းကန်နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့်တောင် မရရှိနိုင်တော့တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။လီဗာပူးလ်အသင်းကို အောင်မြင်မှုတွေ ပြန်လည်ရရှိလာအောင် ပဲ့ကိုင်ပေးခဲ့တဲ့ ဂန္ဓဝင်နည်းပြချုပ် ယာဂင်ကလော့ပ်ဟာ အသင်းပိုင်ရှင်ဖြစ်တဲ့ အမေရိကန်အခြေစိုက် Fenway Sports Group (FSG)အဖွဲ့ချုပ်ကို အတော်လေးစိတ်ပျက်ခဲ့နေကြောင်း သိရသည်။


လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်"ကျွန်တော်က ပိုင်ရှင်တွေ ခန့်ထားတဲ့ အလုပ်သမားသက်သက်ပါ၊အပြောင်းအရွှေ့ကာလအတွက် ဘတ်ဂျက်ဘယ်လောက်ရမယ်ဆိုတာ သူတို့ဆုံးဖြတ်တာပါ၊ ကျွန်တော်တို့က ဘတ်ဂျက်ကို ကြည့်ပြီးဘဲ နောက်ပိုင်း ကစားသမားအဝင်အထွက်ကို တာဝန်ယူရတဲ့ အလုပ်သမားပါ"လို့ ပြောကြားခဲ့တဲ့တာ ဖြစ်ပါတယ်။


မကြာသေးခင်က ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြဖြစ်သူ ဂျူလီယန် နာဂယ်စမန်းကို ထုတ်ပယ်ပြီးနောက် သောမတ်စ်တူချယ်ကို မခန့်အပ်ခင် နည်းပြချုပ်ရာထူးအတွက် လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ကို ကမ်းလှမ်းခဲ့ပေမယ့် ကလော့ပ်က ပယ်ချခဲ့ပြီး လီဗာပူးလ်အသင်းမှာသာ ဆက်နေပြီး အသင်းကို ကူညီပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)