ဘရာဟင်ဒီးယက်ဇ်ကို အထင်သေးခဲ့မိတယ်လို့ ကာပယ်လို ဝန်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘရာဟင်ဒီးယက်ဇ်ကို အထင်သေးခဲ့မိတယ်လို့ ကာပယ်လို ဝန်ခံ



MNP - ဧပြီ  ၁၇


ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်၊ရိုးမားနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့ကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ဂန္ဓဝင်နည်းပြကြီး ဖာဘီယို ကာပယ်လိုက ရီးရဲလ်မက်ဒရစ်အသင်းကနေ အေစီမီလန်အသင်းကို အငှားဖြင့်လာရောက်ကစားတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရာဟင်ဒီးယက်ဇ်ရဲ့ ခြေစွမ်းနဲ့ ပတ်သြက်ပီး သူရဲ့ ထင်မြင်ချက်မှားခဲ့ကြောင့် ဝန်ခံပြောကြားခဲ့သည်။ 


ဖာဘီယို ကာပယ်လိုက "ကျွန်တော် ဘရာဟင် ဒီးယက်ဇ်နဲ့ ပတ်သက်ပြီး မှားသွားခဲ့ပါတယ်... ကျွန်တော် သူ့ကို ကစားသမားတစ်ယောက်အနေနဲ့ လုံးဝမကြိုက်ခဲ့ပါဘူး၊ သူက မီလန်အဆင့်မှာ မရှိသင့်ဘူးလို့ ကျွန်တော် ထင်ခဲ့တာပါ၊ ဒါပေမယ့် အခု သူ လုံးဝ ပြောင်းလဲသွားပြီ၊ တိုးတက်လာပါပြီ။ အခု သူ ကွဲပြားသွားပါပြီ"လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ အသက်၂၁နှစ်အရွယ် စပိန်သားကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အေစီမီလန်အသင်းက ကြိုးစားနေပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ကစားသမားဖြစ်သူကို မကြာခင် ကာလရှည်စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းတော့မှာ ဖြစ်ကြောင်း သိရသည်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment