ရခိုင်ပြည်နယ် မောင်တောမြို့၌ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်




MNP ၊  ဧပြီ  ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၊ မြို့ပေါ်ရပ်ကွက်  လမ်းဆုံလမ်းခွနေရာများတွင် နှစ်သစ်ကူးမင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၆ အချိန်က သတ်မှတ်နေရာများတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 


ထိုသို့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းဆုံလမ်းခွများ၌ စုရပ်များထားရှိပြီး စုရပ်(၁)ခုလျင် သံဃာတော်(၃)ပါးက နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြပြီးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ နှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ၊ နဝကမ္မအလှူငွေများဆက်ကပ်ခဲ့ကြ‌‌ေကြာင်းသိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment