မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ ဧပြီ ၁၉

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်း အတွင်းဝန် များ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေးစီမံချက်မူကြမ်းအပေါ် ပညာရေးဝန်ကြီးဌာနနှင့်ဆက်စပ် ဝန်ကြီးဌာနများအားလုံးက ဝိုင်းဝန်းဆွေးနွေးကြရန်နှင့် ဆပ်ကော်မတီဖွဲ့စည်းရေး၊ စကားဝိုင်းဆွေးနွေးပွဲ၊ စာတမ်းဆွေးနွေးပွဲများ ကျင်းပရေးအတွက် အကြံပြုကြရန်တို့ကို ပြောကြားသည်။

ထို့နောက် ဆက်စပ်ဝန်ကြီးဌာနအသီးသီးမှ အစည်းအဝေးတက်ရောက်လာသူများက ညီလာခံ ဆွေးနွေးပွဲခေါင်းစဉ်များ၊ စာတမ်းဆွေးနွေးပွဲခေါင်းစဉ်များနှင့် ဆပ်ကော်မတီများအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးအကြံပြု ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)