ပုဏ္ဏားကျွန်းမြို့၌ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားပူဇော်ပွဲကျင်းပ




MNP ၊  ဧပြီ ၁၈

  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများအား ပင့်ဖိတ်၍ အန္တရာယ် ကင်း ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ပွဲကို ယမန်နေ့၊ ညနေ(၄) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာန ၌ ကျင်းပြုလုပ်ခဲ့သည်။


 အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး၊ နမော တဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး၊ ​မြို့မ

ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊  ဆရာတော် သံဃာတော်များက အန္တရာယ်ကင်း ပရိတ် တရားတော်မြတ်တို့ကို ရွတ်ပွားသရဇ္ဇျာယ်ခဲ့ကြသည်။


ထိုနောက် ဆရာတော်သံဃာတော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နဝကမ္မ ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်း အနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)