မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်း အနားကို မေ ၆ ရက်တွင် နေပြည်တော်မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်း အနားကို မေ ၆ ရက်တွင် နေပြည်တော်မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်




MNP ၊ ဧပြီ ၁၈

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်း အနားကို မေ ၆ ရက်တွင် နေပြည်တော်မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်သည်။


ထိုသို့ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီးဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နားနေဆောင်သို့ရောက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများက MRTV ၏ နိုင်ငံတော်သံစုံတီးဝိုင်းနှင့် မြန်မာ့ဆိုင်းဝိုင်း နေရာချထားမှု၊ အခမ်းအနားတွင်ဖျော်ဖြေမည့်တေးသီချင်းများရွေးချယ်မှု၊ အခမ်းအနားမှူးများ နေရာချထားမှု၊ ဧည့်သည်တော်များ ဖိတ်ကြားမည့် အစီအစဉ်၊ ကြိုဆိုဧည့်ခံရေး ဆောင်ရွက်ထားရှိမှုနှင့် ဧည့်သည်တော်များ တည်းခိုနေရာချထားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားကျင်းပမည့် စင်မြင့်ဆောက်လုပ်နေမှု၊ ထိုင်ခုံခင်းကျင်းမှုနှင့် အနုပညာရှင်များအတွက် အနီရောင်ကော်ဇောလျှောက်လမ်း နေရာလျာထားမှုတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)