သင်္ကြန်တွင်းကာလ သာသနာ့ဘောင်ဝင်ခဲ့တဲ့ ဗိုလ်ချုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ကြန်တွင်းကာလ သာသနာ့ဘောင်ဝင်ခဲ့တဲ့ ဗိုလ်ချုပ်



ဗိုလ်ချုပ်ဇော်မင်းထွန်း ဟာ NLD အစိုးရလက်ထက် မဲမသမာမှုဖြစ်စဉ်တွေပေါ်ပေါက်လာချိန်မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အနေနဲ့ သတင်းစာမျက်နှာများရှေ့ကို ထွက်လာခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့အပေါ် ဖြေရှင်းဆောင်ရွက်ဖို့ တိုက်တွန်းမှုတွေကိုလည်း တာဝန်ခံပြီး ဆောင်ရွက်ခဲ့ရပါတယ်။ ထိုစဉ်အချိန်ကစပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ တပ်မတော် သတင်းမှန်ပြန်ကြားရေးမှာ ပါဝင်ဆောင်ရွက်လာခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

တစ်ဖက်မှာ သူငယ်ချင်းဖြစ်သူ ဦးဇော်ဌေး ဟာ NLD အစိုးရဘက်က ရပ်တည်ကာကွယ်ပြီး ဆောင်ရွက်နေချိန်မှာ တစ်ဖက်က နိုင်ငံရေးအင်အားစုတွေ လိုလားတဲ့ တရားမျှတမှုအတွက် တပ်မတော်က ရပ်တည်ဆောင်ရွက်ပေးခဲ့ရပါတယ်။

NLD ပါတီက မဲမသမာမှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ လုံးဝဖြေရှင်းဆောင်ရွက်ခြင်း မရှိဘဲ အစိုးရသစ်ဖွဲ့စည်းဖို့ လုပ်ဆောင်လာချိန်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်အရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်ခဲ့ရပါတယ်။ တပ်မတော်ဦးဆောင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတာဝန်နဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဦးဆောင်ခဲ့ရပါတယ်။

သတင်းမှန် ပြန်ကြားရေးအဖွဲ့အနေနဲ့ ပြည်ဖျက်မီဒီယာအုပ်စုဖြစ်တဲ့ BBC, VOA, RFA အပါအဝင် တပ်မတော်က တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူလိုက်ရတဲ့အချိန်မှာ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ လှုံ့ဆော်ပြီး လမ်းပေါ်တွန်းတင်ခဲ့ကြတဲ့ DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now တို့ရဲ့ လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုတွေ၊ သတင်းမှား ဖန်တီးရေးသားမှုတွေကို အစဉ်သဖြင့် စောင့်ကြည့် ဖြေရှင်းခဲ့ရပါတယ်။ ပြည်ပအထောက်အပံ့ယူပြီး တပ်မတော်နဲ့ ပြည်သူကို စနစ်တကျ သွေးခွဲတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးရေးသားမှုတွေကို အချိန်နဲ့အမျှ စောင့်ကြည့် ဖြေရှင်းခဲ့ရတာ ဖြစ်ပါတယ်။ 

နိုင်ငံရေးအစွန်းရောက်တွေနဲ့ ပြည်ဖျက်မီဒီယာတွေက အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြသလို စီးပွားရေးကမောက်ကမဖြစ်စေဖို့၊ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝ အတိဒုက္ခရောက်စေဖို့ ဘက်ပေါင်းစုံကနေ နည်းမျိုးစုံနဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်ကြခြင်း ဖြစ်ပါတယ်။

အာဏာလက်မဲ့ဖြစ်ပြီး အကြမ်းဖက်လမ်းစဉ်နဲ့ အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်မယ့် NLD ဦးဆောင်သူတချို့နဲ့ ပြည်ဖျက်မီဒီယာအုပ်စုဟာ တသားတည်း ရပ်တည်ဆောင်ရွက်နေချိန်မှာ ပြည်သူတွေ သတင်းမှန်သိရှိရေးကို သတင်းမှန်ပြန်ကြားရေးအဖွဲ့ က အချိန်နဲ့တပြေးညီ တုန့်ပြန်ဆောင်ရွက်ပေးခဲ့ပါတယ်။ လုပ်ကြံဖန်တီးရေးသားသူတွေက စိတ်ထဲရှိရာ ထင်ရာမြင်ရာ လုပ်ကြံဖန်တီးရေးသားမှုအပိုင်းက လွယ်ကူပေမယ့် သတင်းမှန် ပြန်ကြားရေးအဖွဲ့အနေနဲ့ က အချက်အလက် အတိအကျနဲ့ ထုတ်ပြန်ရတာ ဖြစ်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ခဲ့စဉ်က နစကအစိုးရနဲ့ လက်တွဲပြီး ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်ထောက်ပြခဲ့ကြတဲ့ မီဒီယာတွေကို ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတွေ ဘောမမီဒီယာ၊ စစ်ခွေးမီဒီယာ အစရှိသဖြင့် တိုက်ခိုက်ခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူ့အကျိုးကို ရှေးရှုပြီး ရပ်တည်နေကြတဲ့ မီဒီယာတွေဘက်ကနေ ရပ်တည်ပြီး ဘောမမီဒီယာတို့ စစ်ခွေးမီဒီယာတို့ ပြောနေကြတာတွေ ရှိပါတယ်။ အကြမ်ဖးက်အဖွဲ့အဖြစ် ကြေညာထားတဲ့ NUG ကို ပြည်သူတွေကြားမှာ ပြောနေကြတာ ရှိပါတယ်။ အနူကြီး ဆိုလား။ အနူကြီးဘောကို မတဲ့သူတွေက ပိုဆိုးတာ၊ လက်ကို ပြောင်အောင်ဆေးကြလို့ အနူဂျီးဘောမတော့ ရွံစရာကောင်းတာပေါ့လို့ ပြောဆိုသွားခဲ့ပါတယ်။

ပြည်သူတွေကို သေကြောင်းကြံခဲ့တဲ့ NUG အဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတွေမှာ အချက်အလက် အတိအကျနဲ့ ချပြရှင်းလင်းခဲ့သလို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ NLD ပါတီက မဲလိမ်မဲခိုးမှု ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကိုလည်း တိတိကျကျ ဖော်ထုတ်ပြီး ချပြရှင်းလင်းခဲ့ပါတယ်။ သတင်းသမားတွေကိုသာမက သံတမန်အသိုင်းအဝိုင်းကိုပါ ဖိတ်ခေါ်ပြီး အချက်အလက် မှတ်တမ်း မှတ်ရာ အပြည့်အစုံနဲ့ ချပြရှင်းလင်းခဲ့ပြီး ဖြစ်သလို အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့တဲ့ NLD ဦးဆောင်သူတချို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့လည်း သူတို့အသုံးပြုနေတဲ့ လက်နက်ခဲယမ်းပါမကျန် သတင်းစာရှင်းလင်းပွဲ ခန်းမထဲမှာ ချပြရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။

NLD ဦးဆောင်သူတချို့ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေက ပြည်ဖျက်မီဒီယာတွေကနေ နည်းမျိုးစုံနဲ့ လှုံ့ဆော်တဲ့အတွက်ကြောင့် NLD ထောက်ခံသူ လူငယ်တွေမှာ အစွန်းရောက် အကြမ်းဖက်သမားလေးတွေ ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံမှ အတိဒုက္ခရောက်၊ နယ်စပ်ဒေသတွေမှာ အတိဒုက္ခရောက်နေတဲ့အချိန်မှာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ဆင်ခြင်တုံတရားနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေ ရှိသလို ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ နောက်မှာ ယနေ့အချိန်အထိ လိုက်ပါပြီး ပြည်သူအချင်းချင်း ရက်စက်ယုတ်မာရိုင်းစိုင်းသော ပြစ်မှုတွေ ကျူးလွန်နေကြသူတွေလည်း ရှိပါသေးတယ်။

PDF တွေကို ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့သလို နိုင်ငံရေးလှုံ့ဆော်သူတွေရဲ့ စကားကို နားယောင်ပြီး CDM လုပ်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်း ဆရာ/ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ နီးစပ်ရာမှာ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံရေးလှုံ့ဆော်သူတွေက အစိုးရယန္တရားပျက်ပြားစေရန် ရည်ရွယ်ပြီး နယ်ပယ်စုံက ဝန်ထမ်းတွေကို လုပ်ငန်းခွင် မဝင်ကြဖို့ လှုံ့ဆော်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်၊ သူနာပြုတွေဟာ နိုင်ငံရေးလှုံ့ဆော်သူတွေရဲ့ စကားကို နားယောင်ပြီး အများဆုံး CDM လုပ်ခဲ့ကြပါတယ်။ ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်နေတဲ့ ပြည်သူတွေကို ကုသမှုမပေးဘဲ လျစ်လျှူရှုခဲ့ကြပါတယ်။ ဆရာဝန်၊ သူနာပြုတွေ CDM လုပ်ခြင်းကြောင့် ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်နေသူများဟာ ဆေးဝါးကုသခွင့် မရဘဲ သေဆုံးခဲ့ရတာ (၆၀၀၀) နီးပါး ရှိခဲ့ပါတယ်။ အဲဒီ လူတွေကို သွေးအေးလူသတ်သမားတွေလို့ တင်စားပြောဆိုခဲ့ပါတယ်။ 

ဆရာဝန်၊ သူနာပြု လိုအပ်ချက်ကို တပ်မတော်မှာ ရှိနေတဲ့ ဆရာဝန်၊ သူနာပြု အင်အားနဲ့ အရေးပေါ် ဖြည့်တင်းဆောင်ရွက်ပေးခဲ့ရပါတယ်။ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများရဲ့ ရည်ရွယ်ချက်တွေဟာ အထမမြောက်ခဲ့ပါဘူး။ အစိုးရ ယန္တရားကို ထိန်းကျောင်းဆောင်ရွက်ခဲ့တယ်။ နိုင်ငံရေးလုပ်စားသူတွေရဲ့ လှုံ့ဆော်မှုနောက် လိုက်ပါပြီး CDM လုပ်ခဲ့သူ တချို့ကတော့ လမ်းဘေးရောက်ပြီး ဘဝပျက်ကုန်ကြသည်အထိပါပဲ။

နစကအစိုးရရဲ့ မူဝါဒတွေကို အဓိက တာဝန်ခံပြီး ပြည်သူများထံ ချပြအသိပေးခဲ့တာကတော့ သတင်းမှန် ပြန်ကြားရေးအဖွဲ့ပါပဲ။ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို တာဝန်ခံ ဦးဆောင်ရင်း ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူခဲ့ရတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ နစကအစိုးရအနေနဲ့ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေသူများကိုလည်း အသိမှန်၊ အမြင်မှန်ရလာစေဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ပါတယ်။ ပြတ်ပြတ်သားသား ဆောင်ရွက်လို့ ရတဲ့အခြေအမှာတောင် ပြည်သူတွေ ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ အလေးထားဆောင်ရွက်ခဲ့ပါတယ်။ နစကရဲ့ အပြုသဘောဆန်တဲ့ ရပ်တည်ချက်အပေါ်မှာ သိမြင်နားလည်သူတွေက ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြပြီး ဆင်ကန်းတောတိုး မိုက်မဲခဲ့သူတွေကတော့ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းကို ခံခဲ့ကြရပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအပေါ် အဆုံးစွန်ယုတ်မာသူတွေ အာဏာလက်မဲ့ဖြစ်သွားတဲ့အချိန်မှာ တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့ရတဲ့ နစကအစိုးရအနေနဲ့ တာဝန်ကြီးလွန်းသော်လည်း ပြည်သူတွေအတွက် ကောင်းကျိုးကိုသာ ရည်မျှော် ဆောင်ရွက်ခဲ့တဲ့ အစိုးရတစ်ရပ်အနေနဲ့ ပြည်တွင်းပြည်ပ ဝေဖန်ထိုးနှက်မှုတွေအမျိုးမျိုးကြားမှာ တိုင်းပြည်ရဲ့ စီးပွားရေးကို ပြန်လည်ထူမတ်အောင် ကြိုးစားဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အကြမ်းဖက်နှိမ်နင်းရေးနဲ့ ပတ်သက်လို့တော့ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပြည်ဖျက်မိစ္ဆာတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ တပ်မတော်အပိုင်းက ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်ခြင်း မရှိဘူးလို့ မြင်လာကြပါတယ်။

နစကအစိုးရသက်တမ်း ၂နှစ် အလွန်ကာလမှာတော့ အကြမ်းဖက်နှိမ်နင်းရေး ပိုမိုအလေးထား ဆောင်ရွက်လာတာကို မြင်တွေ့ရပါတယ်။ အကြမ်းဖက်စခန်းတွေကို ဖယ်ရှားရှင်းလင်မှုတွေ လုပ်ဆောင်လာသလို အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်သမားများနဲ့ ဆက်နွယ်သူများကို ဖော်ထုတ်ဖမ်းဆီးမှုတွေ မြင့်တက်လာပါတယ်။ သတင်းမှန် ပြန်ကြားရေးအဖွဲ့အနေနဲ့ သတင်းစာရှင်းလင်းပွဲတွေ မလုပ်တာတောင် ကြာခဲ့ပါပြီ။ နေ့စဉ် အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ အကြမ်းဖက်နှိမ်နင်းမှု သတင်းတွေကိုတော့ စဉ်ဆက်မပြတ် ထုတ်ပြန်ပေးနေပါတယ်။ 

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ NUG အကြမ်းဖက်ရုံးဖွင့်လှစ်ခဲ့တာကို တပ်မတော်က ရှင်းလင်းဖယ်ရှားခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားပြီး သင်္ကြန်တွင်းကာလမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပုံရိပ်တွေကို မတွေ့ခဲ့ရပါဘူး။ 

အကြောင်းကတော့ ယခုနှစ် သင်္ကြန်တွင်းကာလမှာ သတင်းမှန် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဟာ ၂နှစ်ကျော်ကြာ ကာလ ကြီးလေးလွန်လှတဲ့ တာဝန်တွေကနေ ခေတ္တစွန့်ခွါပြီး အေးချမ်းစွာ သာသနာ့ဘောင်ကိုဝင်ရောက်ပြီး အနားယူ ခဲ့တယ်လို့ သိရပါတယ်။ 


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)