မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာနှင့် ကန်ကြီးကျေးရွာ တို့အတွင်း PDF အမည်ခံ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် ခဲယမ်း၊ ဗုံးသီးများနှင့် ဆက်စပ်ပစ္စည်းများ အများအပြား ဖော်ထုတ်သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာနှင့် ကန်ကြီးကျေးရွာ တို့အတွင်း PDF အမည်ခံ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် ခဲယမ်း၊ ဗုံးသီးများနှင့် ဆက်စပ်ပစ္စည်းများ အများအပြား ဖော်ထုတ်သိမ်းဆည်းရမိ


MNP ၊ ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ အတွင်းသို့ PDF အမည် ခံ အကြမ်းဖက်သမားများအနေဖြင့် ဒေသခံများ အသွင်စိမ့်ဝင်၍ ခိုအောင်းနေထိုင်လျက်ရှိ ကြောင်းနှင့် ဒေသခံပြည်သူများအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ အဓမ္မဆက်ကြေး ကောက်ခံခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှု မရှိသည့် ဒေသခံများအား ဖမ်းဆီး သတ်ဖြတ်လျက်ရှိကြောင်း သိရှိ ရသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ  မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာနှင့် ကန်ကြီး ကျေးရွာတို့အတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိ ကြောင်းနှင့် ၎င်းတို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ သိုဝှက်ထားရှိကြောင်း အကြမ်းဖက်မှု ကို မလိုလားသည့် တာဝန်သိဒေသခံများ ကျေးရွာသူ၊ ကျေးရွာသားများ၏ သတင်းပေးပို့မှု အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် အလစ်အငိုက် ဝင်ရောက်ခဲ့ပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် သတင်း ဖော်ထုတ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက မကြီးကန်ကျေးရွာအား ဝင်ရောက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းများနှင့် ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ၌ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သူများဟု ယူဆရသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂၀ ဦးကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ခေတ္တထိန်း သိမ်းထားရှိခဲ့ပြီး မကြီးကန်ကျေးရွာ၊ ကျေးလက်ဆေးပေးခန်း အတွင်းမှ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၁၈ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ လက်လုပ်လက်ပစ်ဗုံးနှင့် Drop ဗုံး သီး ၃ လုံး၊ ကျည်မျိုးစုံ ၇၈၀ တောင့်၊ ဆက်သွယ်ရေးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ People Defence Force (Myaing) စာတန်းပါ ယူနီဖောင်းများ အပါအဝင် ယူနီဖောင်းမျိုးစုံ ၅၃ စုံ၊  ကျည်ကာအင်္ကျီ ၂ ထည်၊ Myaing PDF စာတန်းပါ လက်မောင်းဘက်တံဆိပ်များ၊ ဗုံးခို ကျင်း ၁ ခု၊ မော်တော်ယာဉ်မျိုးစုံ ၃ စီးနှင့် မော်တော်ဆိုင်ကယ်မျိုးစုံ ၅ စီး တို့ကို သိမ်း ဆည်းရမိခဲ့သည်။

ကန်ကြီးကျေးရွာ အတွင်းသို့ ဝင်ရောက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းများနှင့် ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါကျေးရွာ အခြေခံပညာမူလတန်း ကျောင်းအတွင်းမှ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ Nissan အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် မော်တော်ဆိုင်ကယ်မျိုးစုံ ၁၅ စီး တို့ကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် မြိုင်မြို့နယ်အတွင်း PDF အမည်ခံ အကြမ်းဖက် သမားများခိုအောင်းနေထိုင်မှုမရှိစေရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)