ဘီးလင်းမြို့နယ် ရုံးလူထုအခြေပြုဗဟိုဌာနတွင် “အောင်မြင်ဖို့အချိန် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ် ရုံးလူထုအခြေပြုဗဟိုဌာနတွင် “အောင်မြင်ဖို့အချိန် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်



MNP ၊  ဧပြီ  ၁၈

    မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး( Community Centre) ခန်းမတွင် ယနေ့ နေ့လယ်၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန နှင့် စာပေချစ်သူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသည့် “အောင်မြင်ဖို့အချိန် “ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကိုပြုလုပ်ခဲ့ သည်။


   ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက်  (Book Club )အဖွဲ့ဝင် ဦးဝင်းနိုင်ဦးက “အတိတ် နှင့်အနာဂတ်”ခေါင်းစဥ်ဖြင့် လည်းကောင်း (Youth Club) အဖွဲ့ဝင် ဦးစိုးကိုကို က “အကျိုးရှိစွာနားထောင်တတ်ပါစေ ” ခေါင်းစဥ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက စာအုပ်ပါ အကြောင်း အရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ 


 အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်း ဖြင့် လူငယ်၊လူရွယ်များ၊ စာဖတ်သည့် အလေ့အကျင့်ရှိလာ စေရန်၊ စာပေမှရရှိသည့် အသိ ပညာဖြင့်သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့်ပူးပေါင်း ဆောင်ရွက် တတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။


ထူးနောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)