ကလေးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် KIA/PDF အကြမ်းဖက်ဘေးရှောင် ဒေသခံပြည်သူများအား တွေ့ဆုံအားပေး၍ ရိက္ခာများထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် KIA/PDF အကြမ်းဖက်ဘေးရှောင် ဒေသခံပြည်သူများအား တွေ့ဆုံအားပေး၍ ရိက္ခာများထောက်ပံ့







၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် KIA/PDF အကြမ်းဖက်သမားများက ဒေသခံပြည်သူများအပေါ် ပစ်မှတ်ထား၍ အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိရာ ကလေးမြိုနယ်၊ တင်သားကျေးရွာ၊ အရှေ့စည်းကျေးရွာ၊ ကြံသာကျေးရွာ၊ ရာဇဂြိုလ်ကျေးရွာ၊ နတ်မြောင်း ကျေးရွာနှင့် သာစည်ကျေးရွာ၊ ရေရှင်ကျေးရွာ၊ ကျောက်ပြုတ်ကျေးရွာ၊ ဒိုးနွယ်ကျေးရွာ တို့မှ ဒေသခံပြည်သူများ တိမ်းရှောင်နေကြရသည့်အခြေအနေတွင် တာဝန်ရှိသူများ သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ရိက္ခာများထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းကျေးရွာမှ KIA/PDF အစွန်းရောက်အကြမ်းဖက်သမားများ၏ ရန်ပြုစော်ကားမှုများကြောင့် တိမ်းရှောင်နေကြရသည့် ပြည်သူများကိုလည်း တွေ့ဆုံအားပေး ရိက္ခာထောက်ပံ့ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

KIA/PDF အကြမ်းဖက်သမားများ၏ ရန်ပြုစော်ကားမှုဘေးမှ တိမ်းရှောင်နေကြရသည့် အိမ်ထောင်စု(၄၅)စု၊ လူဦးရေ ကျား(၅၉)ဦး၊ မ(၉၁)ဦး၊ ပေါင်း(၁၅၀)ဦးအတွက် ဆန်(၅၀)အိတ်၊ ဆီ(၅၀)ပိဿာ တို့အား သွားရောက် ထောက်ပံ့၍ ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး တစ်ဦးချင်း တင်ပြမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

လုံခြုံရေးအဖွဲဝင်များအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်နေသည့်အပြင် KIA/PDF အကြမ်းဖက်အဖွဲ့အစည်းများ၏ ဥပဒေမဲ့ လူသတ်၊ မီးရှိမှုများကြောင့် မိမိတို့၏ ကျေးရွာများတွင် နေထိုင်နိုင်ခြင်းမရှိဘဲ လုံခြုံစိတ်ချရသည့် နယ်မြေခံတပ်ရင်းများတွင် ခေတ္တခိုအောင်းနေထိုင်ရသော ဒေသခံပြည်သူများ နေထိုင် စားသောက်မှု အဆင်ပြေစေရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)