မြောက်ဦးမြို့၌ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ် ရခိုင့်ရိုးရာသက်ကြီး ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ် ရခိုင့်ရိုးရာသက်ကြီး ပူဇော်ပွဲကျင်းပ




MNP ၊  ဧပြီ ၁၈

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက် အလိုတော်ပြည့်ဘုန်း တော်ကြီး ကျောင်းတိုက်အတွင်းရှိ အောင်ဗောဓီဓမ္မရိပ်သာ၌ ရခိုင့်ရိုးရာအစဉ်အလာအတိုင်းနှစ်စဉ် ပြုလုပ်ကျင်းပ သော ပဉ္စမအကြိမ်မြောက်  မြို့လုံးကျွတ်ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကို ယမန်နေ့က ပူဇော်ပွဲ ကျင်းပ ပြု လုပ်ခဲ့သည်။


အဆိုပါ မြို့လုံးကျွတ်ရခိုင့်ရိုးရာသက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးကောင်းမြတ်နိုင်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးစိုးစိုးသက်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအ သင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ် ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ် ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများ၊ နှင့်အပူဇော်ခံသက်ကြီးရွယ်အိုများ စုံညီစွာတက်ရောက်ခဲ့ကြသည်။


ထို့နောက် အခမ်းအနားကို နမောတဿသုံးကြိမ်သံပြိုင်ရွတ်ဆိုပြီးအခမ်းအနားကို ဖွင့်လှစ်၍ မင်္ဂလာ ပိုဒ်စုံရတု သီဆိုပြီး တက်ရောက်လာသော အပူဇော်ခံသက်ကြီး အဘိုး/အဘွားများအား ဂုဏ်ပြုပူဇော်ကြ သည်။ 


ဆက်လက်၍ သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတအဖွဲ့ဝင်တစ်ဦးမှ ပူဇော်ကန်တော့ပွဲဖြစ် မြောက်ရေးအတွက်ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်း ပြောကြားခဲ့သည်။ သက်ကြီးပူဇော်ပွဲ အားဆက် လက်ကျင်းပပြုလုပ်ရာ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်မှ အသက် ၈၅ နှစ်နှင့်အထက်  သက်ကြီး ရွယ်အို အဘိုး/အဘွား (၁၉၀) ဦး အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့်အဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ် ချုပ်ရေး အဖွဲ့ဉက္ကဌ၊ မြို့နယ်အဆင့်ဌာ နဆိုင် ရာတာဝန်ရှိသူများနှင့်စေတနာရှင်အလှူရှင်များမှလှူဒါန်းသည့် လှူဒါန်းငွေ များနှင့် ဝတ္ထု ပစ္စည်း များဖြင့် ပူဇော်ကန်တော့ကြပြီးနောက် မတက်ရောက်နိုင်သော သက်ကြီးအဘိုး/အဘွားများအတွက်လည်း အိမ် တိုင်ရာရောက်သွားရောက် ကန်တော့လှူ ဒါန်းပေးခဲ ့ကြောင်းသိရသည်။ မြောက်ဦးမြို့ပေါ်တွင်လည်း နှစ် ဆန်း တစ်ရက်နေ့၌ မိဘပြည်သူများမှ ဘုရား၊ ကျောင်းကန်များသို့သွားရောက်ပြီး ကုသိုလ်ဒါနပြုလုပ်ခြင်း၊ တရားဘာဝနာပွား များခြင်း၊ စတုဒိ သာ ကျွေး မွေးခြင်းနှင့်ရှေးဟောင်း ဘုရား၊ ပုထိုးစေတီများတွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာ ရောက်ကြသူများမှ ကုသိုလ်ဒါနလှူဒါန်းမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment