MNP ၊ ဧပြီ ၁၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက စစ်တွေမြို့ရေရရှိရေး အတွက် မြေအောက်ရေတူးဖော်ရေးအဖွဲ့များမှ ရေတူးဖော်ရရှိနေမှု၊ ကန်တော်ကြီးသို့ ရေဖြည့်တင်းနေမှု၊ ရေစုကန်များတည်ဆောက်နေမှုနှင့် ရေဆက်လက်တူးဖော်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ တာဝန်ရှိသူများက မြေအောက်ရေတူးဖော်နေရရှိနေမှုအခြေအနေနှင့် ကန်တော်ကြီးသို့ ရေဖြည့်တင်းနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် စစ်တွေမြို့၊ မျိုးသန့်ခြံအတွင်း မြောက်ရေတူးဖော်ရရှိနေမှုနှင့် ရေသိုလှောင်ဖြန့်ဖြူး နိုင်ရန် ရေဂါလံ ၂၀၀၀၀ ဆံ့ ရေစုကန်တည်ဆောက် နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ လုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေးနှင့် ကန်တော်ကြီးသို့ရေပို့လွှတ်နိုင်ရေး၊ ရေဖြန့်ဝေပေး နေမှုများပြတ်လပ်မှုမရှိစေရေး လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment