ကမမောင်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ကြီးပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမမောင်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ကြီးပူဇော်ပွဲကျင်းပ




MNP ၊  ဧပြီ ၁၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ကြီးပူဇော်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကမမောင်းမြို့ အာလောကာရာမဘုန်း‌တော်ကြီးကျောင်းတိုက်၌ ကျင်းပခဲ့‌ကြောင်း သိရှိရသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်သံပြိုင်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ အာလောကာရာမကျောင်းတိုက်ဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြကာ လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ယင်းနောက် ကမမောင်းမြို့ရှိ ရပ်ကွက်အသီးသီးမှ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းလင်းနှင့် တာဝန်ရှိသူများက အလှူရှင်များနှင့်အတူ ပူဇော်ကန်တော့ကြကာ ကန်တော့ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရ သည်။ အဆိုပါပူဇော်ပွဲ မလာရောက်နိုင်သော အဘိုး၊ အဘွားများကို အိမ်အရောက်သွားရောက်၍ လှူဒါန်းပေးမည်ဖြစ်ကြောင်း ကမမောင်းမြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။


အခမ်းအနားသို့ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကန်တော့ခံ အဘိုးအဘွားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တတ်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


သန့်ဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment