ရေတာရှည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မား​ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မား​ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ


MNP ၊  ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မား​ရေးအတွက် အသိပညာ​ပေး ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဘိုး​တော်ကုန်းကျေးရွာအုပ်စု၊ ကဲလင်းကုန်း​ကျေးရွာ ဓမ္မာရုံတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်    ဒေသခံပြည်သူများ တွေ့ဆုံ​၍ အသိပညာ​ပေးဆွေး​နွေးပွဲဆောင်ရွက်ခဲ့သည်။


ရှေဦးစွာ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ​ဒေသခံများအ​နေဖြင့်  ဒေသလိုအပ်ချက်များကို ပွင့်လင်းစွာတင်ပြ​စေနိုင်ရန်၊ ဒေသခံများ၏ စကားသံများနားထောင်ပြီး လိုအပ်သည်များ ကူညီနိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများ၏ လိုအပ်ချက်များအား ပွင့်လင်းစွာဆွေးနွေးပေး​စေလို​ကြောင်း ပြောကြားခဲ့သည်။


ထို့​နောက်  ဒေသခံပြည်သူများက စိုက်ပျိုး​ရေအတွက် ဆည်ရေ​ပေး​ဝေမှုကိစ္စရပ်များ၊ သမချေးငွေနှင့် စိုက်ဘဏ်ချေးငွေကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များအား ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်​​ပေးခဲ့​ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)