မော်လိုက်မြို့၌ ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ပွဲအခမ်းအနားကျင်းပ




MNP ၊  ဧပြီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်က ခရိုင်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များတက်ရောက်ကြသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး မော်လိုက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သန်းသန်းမြင့်က စီမံကိန်း ရည်ရွယ် ချက်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလွမ်းခြုံမှုအခြေအနေ၊ စီမံကိန်း ရန်ပုံငွေလည်ပတ်မှု အခြေ အနေနှင့် ကဏ္ဍအလိုက်ချေးငွေထုတ်ချေးထားမှုအခြေအနေ၊ ရန်ပုံငွေတိုးပွားမှုနှင့် အတိုးရငွေ (၅၀%)နှင့်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင် မှုအခြေအနေ၊ ကြွေးကျန်ဖြစ်ပေါ်မှုနှင့် ချေးငွေသက်တမ်း တိုးမြှင့်မှုအခြေအနေ၊ တွေ့ကြုံရသောအခက်အခဲများနှင့် စီမံဆောင်ရွက်မှု အခြေအနေများ၊ ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ရန်ပုံငွေဆုံးရှုံးမှုလျော့နည်းစေရေး သုံးသပ်ဆွေးနွေးရန်အချက်များကို ဆွေးနွေး တင်ပြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများမှ ခရိုင်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအပေါ်သုံးသပ် အကြံပြုဆွေးနွေးကြသည်။


မော်လိုက်ခရိုင်အတွင်းတွင် မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၂၃၅)ရွာရှိသည့်အနက် ကျေးရွာ ယူနစ် (၅၇) ယူနစ် ဆောင်ရွက်လျက်ရှိပြီး (၂၄.၅%)လွမ်းခြုံလျက်ရှိကြောင်း၊ ခရိုင်အတွင်းစီမံကိန်းအား ကဏ္ဍအလိုက်ထုတ်ချေးဦးရေ(၇၅၀၈)ဦးရေအား (၂၅၉၃.၂၅)သန်းဖြင့် လုပ်ငန်းများလည်ပတ်လျက်ရှိကြောင်း၊ ခရိုင်အတွင်းရှိ ကျေးရွာများအနေဖြင့် လုပ်ငန်းများလည်ပတ်လျက်ရှိကြောင်း၊ ခရိုင်အတွင်းရှိ ကျေးရွာများအနေဖြင့် စီမံကိန်းအားလိုလားစွာဆောင်ရွက်လျက်ရှိပြီး ကော်မတီဝင်များမှ အားထည့် ၍လည်ပတ်လျက်ရှိကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အခြေနေများကြောင့် အချို့သော စီမံကိန်းကျေးရွာများမှ အရင်းအတိုးများကောက်ခံမှု ပျက်ကွက်နေခြင်းများရှိကြောင်း ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းမြင့်ထံမှ သိရသည်။


 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)