မိုးမောက်မြို့နယ်၌ နွေရာသီအားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမောက်မြို့နယ်၌ နွေရာသီအားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ


MNP ၊  ဧပြီ ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မိုးမောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ် ပြန်/ဆက်ဦးစီမှူး ဒေါ်လွန်းနန်းထွေးက အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း ဟောပြောခြင်း၊ မြို့နယ် အား/ကာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလတ်မှ အားကစားအမျိုးအစားများဖြစ်သော (၁)ယှဉ်ပြိုင်အားကစား၊ (၂)အပန်းဖြေအားကစား၊ (၃)ရိုးရာအားကစား၊ (၄)လူထုအားကစားအကြောင်း၊  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စတင်ကျင်းပသည့် အကြောင်းနှင့် နွေရာသီအားကစား ပြုလုပ်ရခြင်းအကြောင်းတို့ကို အကျယ်တဝင့်ဟောပြောသည်။


အဆိုပါ ဟောပြောပွဲသို့ ကက်သလစ်သာသနာကျောင်းမှ အင်္ဂလိပ်စာသင်ကြားနေသော ကျောင်းသူ/သား စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)