မချမ်းဘော့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာစီစာကုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာစီစာကုံးပြိုင်ပွဲ ကျင်းပ


MNP ၊  ဧပြီ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြှင့်တင်လာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင် "ယခုလိုစာစီစာကုံးပြိုင်ပွဲကို ကျင်းပပေးတာဟာ သားတို့သမီးတို့ရဲ့ စာဖတ်စွမ်းရည်တွေမြင့်မားစေဖို့နဲ့ မြန်မာ့ရိုးရာပွဲတော်တွေ ဓလေ့တွေကို သိရှိစေချင်တဲ့အတွက် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း" ထည့်သွင်းပြောကြားခဲ့ပြီး စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မချမ်းဘော့မြို့နယ် ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် ကျောင်းသား၊ ကျောင်းသူ ၂၀ဦးတို့က "သင်္ကြန်ပွဲတော်တို့နွှဲပျော်" ခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို အပတ်စဥ် သောကြာနေ့ ကလေးစာဖတ်ခန်းစာဖတ်ဝိုင်း၌ ဆုချီးမြှင့် ပေးသွားမည်ဖြစ်သည်။


မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ၊ ပြိုင်ပွဲများနှင့် သင်တန်းများ၊ အုပ်စုလိုက် ဂိမ်းကစားပြိုင်ပွဲများကို အစဥ်သဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ယောရွှေနီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)