MNP ၊ ဧပြီ ၅
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် လုထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ရခိုင်စိုင်းဒြားဖွေ့(ပုရပိုက်မူ)စာအုပ်သစ်မိတ်ဆက်ပွဲအခမ်းအနားကိုယမန်နေ့နေ့လည် ၁ နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်စာရေးဆရာနေမင်းကဗျည်း(၃၃)လုံးလှေတော်သံဟန်စွလေဖြင့်ဖွင့်လှစ်ပြီး ရခိုင်စိုင်းဒြားဖွေ့(ပုရပိုက်မူ)စာအုပ်စီစဥ်ထုတ် ဝေရခြင်းနှင့်ပတ်သက်၍ အသျှင်က္ကန္ဒဝံသ(ကိန်းသာ)မှ ရှင်းလင်းပြောကြားရာတွင်ရ ခိုင်ဝေါဟာရစံများမပပျောက်သွားရန် ဘာသာဗေဒများကိုလူငယ်များလေ့နိုင်အောင် လက်ရေးမူများနှင့်တကွရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက်အခမ်းအနားသို့ ရောက်ရှိလာသောကဗျာဆရာ ၊စာရေးဆရာများမှ တစ်ဦးချင်းစီဆွေးနွေးခဲ့ကြသည်။ထို့ နောက်အသျှင်က္ကန္ဒဝံသ(ကိန်းသာ)မှ ရသေ့တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ စာအုပ်များလှူဒါန်းခဲ့ရာ ရုပ်/သံကျွမ်းကျင်း(၃)ဦးအောင်သိန်းဝေကလက်ခဲ့ကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment