MNP ၊ ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် မျိုးဆက်သစ်အားကစားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)သို့ တက်ရောက်ရန် သင်တန်းသားရွေးချယ်ခံနိုင်ရေး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စံချိန် စံညွှန်းနှင့် ကိုက်ညီသော ကျောင်းသားကျောင်းသူများကို အားကစားနင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရှာဖွေ ချိတ်ဆက် လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းသားရွေးချယ်ခြင်းကို မြို့နယ်အားကစားမှူး ဒေါ်ခင်နုနုဖြိုး နှင့် ဝန်ထမ်းများက ကျောင်းသားကျောင်းသူ မိဘများနှင့်တွေ့ဆုံ၍ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ခွင့်ပြုချက်ရယူကာ ကြံ့ခိုင်မှု (၅)မျိုးဖြင့် စစ်ဆေးရွေးချယ်ခဲ့ကြောင်း သိရသည်။ဆက်လက်၍ ရွေးချယ်ထားသော ကျောင်းသားကျောင်းသူ (၈)ဦးကို ကြံ့ခိုင်မှု(၅)မျိုးလေ့ကျင့်ပေးပြီးအားကစားနည်းများအလိုက် အခြေခံလေ့ကျင့်ရေးများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့နောက် ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့် ရွေးချယ်ခံရသော ကျောင်းသားကျောင်းသူ (၈)ဦးအား ပဲခူးမြို့တွင် ဧပြီလ(၂၅)ရက်နေ့မှ (၂၈)ရက်နေ့အထိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ရွေးချယ်ရေးအဖွဲ့များမှ အပြီးသတ် Final အဆင့် လာရောက်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ အားကစားနည်း (၁၃)မျိုးအနက် (၇) မျိုးဝင်ရောက်ရွေးချယ်ခံရမည်ဖြစ်ကြောင်းနှင့် မြို့နယ်အားကစားကွင်းတွင် စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်းမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment