မိုင်းပန်မြို့နယ်၌ (၄၄)ကြိမ်မြောက် နှစ်ပတ်လည် နန်းယီဆိုင်ကော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပန်မြို့နယ်၌ (၄၄)ကြိမ်မြောက် နှစ်ပတ်လည် နန်းယီဆိုင်ကော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ




MNP ၊  ဧပြီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း နန်းယီဆိုင်ကော်၏ နှစ်ပတ်လည်ပွဲ ကျင်းပလျက်ရှိရာ ၁၃၈၄-၁၃၈၅ခု တန်ခူးလဆန်း ၁၃ ရက်နေ့မှစတင်၍ နန်းယီဆိုင်ကော်ဘုန်းတော်ကြီးကျောင်း၌  (၄၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့ နန်းယီဆိုင်ကော်ပွဲ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။


အဆိုပါပွဲတော်တွင် မြို့နယ်အတွင်းရှိ သံဃာတော်အရှင်သူမြတ်အ‌ပေါင်းတို့က တန်ခူးလဆန်း ၁၃ ရက်နေ့ နံနက်ပိုင်းမှစ၍ နန်းယီဆိုင်ကော်ဘုန်းတော်ကြီးကျောင်း နန်းယီဆိုင်ကော်စေတီ၌ တရားပွဲတော်များ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၈ နာရီ အချိန်တွင်လည်း (၄၄)ကြိမ်မြောက် တရားပွဲ‌တော် ဆက်လက်ကျင်းပလျက်ရှိပြီး လူနတ်အပေါင်း သာဓုခေါ်နိုင်စေခြင်းငှာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ထို့နောက် ပွဲတော်သို့ တရားလာရောက်နာယူသူများအား မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များက စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း ရှမ်းရိုးရာအိုးစည်ဗုံမောင်းများနှင့် ဖျော်ဖြေခဲ့ကြရာ ပွဲတော်သို့ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


နော်မှိုင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)