မိုးနဲမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်း‌‌ရေးနှင့် ဌာနပိုင်လျှပ်စစ်ပစ္စည်း ပျက်စီး/ပျောက်ဆုံး မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်း‌‌ရေးနှင့် ဌာနပိုင်လျှပ်စစ်ပစ္စည်း ပျက်စီး/ပျောက်ဆုံး မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်





MNP ၊  ဧပြီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌  ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းပြီး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာအသုံးပြုနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုလျော့ချနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေး၊ တရားမဝင်ဓာတ်အား သုံးစွဲမှုမရှိစေရေးနှင့် ဌာနပိုင်လျှပ်စစ်ပစ္စည်းများ ပျက်စီး/ပျောက်ဆုံးမှု မရှိစေရေးတို့အတွက် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးသိန်းသန်းစိုးနှင့် ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း၊ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် မီတာစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ထရန်စဖော်မာများ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုနှင့်ဌာနပိုင်ပစ္စည်းများ ပျက်ဆီး/ပျောက်ဆုံး မှူမရှိစေရေးစစ်ဆေးခြင်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)