တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူးက မြို့နယ်ပြည်သူ့ဆေးရုံ ဝန်ထမ်း/လူနာများအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူးက မြို့နယ်ပြည်သူ့ဆေးရုံ ဝန်ထမ်း/လူနာများအား ထောက်ပံ့ငွေပေးအပ်


MNP ၊  ဧပြီ ၁၈

၁၃၈၅ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က တနင်္သာရီမြို့နယ် အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်သည်  မြို့နယ်ပြည်သူ့ဆေးရုံသို့ မော်တော်ယာဥ်ဖြင့် ရောက်ရှိလာ၍ ခေတ္တမြို့နယ် ဆရာဝန် ဒေါက်တာနွေးဟေမာသင်း၊  လက်ထောက်ဆရာဝန် ဒေါက်တာလင်းထိုက်စိုးနှင့် သူနာပြုဆရာမကြီး ဒေါ်သန်းသန်းဌေး တို့ကိုတွေ့ဆုံကာ ဆေးကုသနေမှုကိုကြည့်ရှုပြီး အားပေးစကားများ ပြောကြားကြောင်း သိရသည်။


ဆက်လက်၍  အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်သည် မြို့နယ်ပြည်သူ့ဆေးရုံရှိ အမျိုးသား/အမျိုးသမီး လူနာဆောင်၌ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေသည့် မွေးလူနာ(၅)ဦး၊ အထွေထွေရောဂါဖြင့် အမျိုးသား (၉)ဦး၊ အမျိုးသမီး(၃)ဦး၊ ကလေးလူနာ(၁)ဦး၊  စုစုပေါင်း(၁၈)ဦးတို့ထံ တစ်ဦးချင်း၏ လူနာကုတင်များသို့ လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားကာ နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် တစ်ဦးလျှင်(၁၀၀၀၀)ကျပ်/ (၂၀၀၀၀)ကျပ်စီဖြင့် စုစုပေါင်း (၂၅၀၀၀၀)ကျပ်ကို လူနာများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် မြို့နယ်ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းများ အတွက် သင်္ကြန်ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်ကို ထောက်ပံ့ပေးရာ ခေတ္တမြို့နယ်ဆရာဝန် ဒေါက်တာနွေးဟေမာသင်းက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)