လွိုင်ကော်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပ


MNP ၊  ဧပြီ ၁၈

၁၃၈၅ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာကြသည့် လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၅၅)ဦးအားရှိခိုး ကန်တော့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဦးဆောင်၍ အဘိုး၊ အဘွားများအား လှူဒါန်းပစ္စည်းများနှင့် လှူဒါန်းငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။


ထို့နောက် ကန်တော့ခံအဘိုး၊ အဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဩဝါဒဆုပေးစကား ပြောကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အဘိုးအဘွားများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာများ စစ်ဆေးပေး၍ အာဟာရဖြည့်အားဆေးနှင့် လိုအပ်သောဆေးဝါးများ ပံ့ပိုးပေးခဲ့သည်။


အဆိုပါ အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ကယားပြည်နယ်အတွင်းရှိ အဘိုး၊ အဘွား (၁၅၆) ဦးအား တာဝန်ရှိသူများက ဆက်လက်၍ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လှူဒါန်း သွားမည်ဖြစ်ပြီး ယနေ့လှူဒါန်းသည့် ပြည်နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားမှာ စုစုပေါင်း (၂၁၁)ဦးဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment