ဘိုကလေးမြို့နယ်တွင် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ




MNP ၊  ဧပြီ ၁၈

မြန်မာသက္ကရာဇ်နှစ်ဟောင်းကုန်လွန်၍ နှစ်သစ်ကူးသည့်အခါသမယ (၁၃၈၅) ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ညနေ (၄) နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကာ ဆွမ်းဒါယကာ/မများနှင့်အတူ ဘိုကလေးမြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပဆောင်ရွက်သည်။ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဘိုကလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၅၃) ကျောင်းမှသံဃာအပါး (၁၀၀၀) ကျော်တို့က မြို့နယ်ကျက်သရေဆောင် မြို့မဆွမ်းလောင်း အသင်းကြီး၌ စုရပ်ပြုလုပ်၍ ဆွမ်းလောင်းအသင်းရှေ့ ဒုတိယလမ်းမတစ်လျှောက်မှ ကမ်းနားလမ်းသို့လည်းကောင်း၊ ကမ်းနားလမ်းမှ တတိယ လမ်းသို့လည်းကောင်း ဆွမ်းဆန် စိမ်းကြွချီကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆွမ်းဒါယကာ/မများမှဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။


မိုးစက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)