ကဝမြို့နယ်၌ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနအဖြစ် စုပေါင်းငါးလွှတ်ပွဲကျင်းပခြင်းနှင့် ဘုရားရေသပ္ပါယ်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဝမြို့နယ်၌ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနအဖြစ် စုပေါင်းငါးလွှတ်ပွဲကျင်းပခြင်းနှင့် ဘုရားရေသပ္ပါယ်ခြင်းဆောင်ရွက်


MNP ၊  ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၁)ရက်နေ့ နှစ်သစ်ကူးကုသိုလ်ပြု ဇီဝိတဒါနအဖြစ် စုပေါင်းငါးလွတ်ပွဲကို ယမန်နေ့နံနက် (၇)နာရီက ကဝ-ပဲခူးမြစ်ကူးတံတားတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးထွန်းလင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး သနပ်ပင်မြို့နယ် ငါးလုပ်ငန်းစခန်းမှမွေးမြူထားသော ငါးခုံးမနှင့် ငါးမြစ်ချင်းစုစုပေါင်းကောင်ရေ (၃၀၀၀)အား ပဲခူးမြစ်အတွင်းသို့ ဇီဝိတဒါနကုသိုလ်အဖြစ် စုပေါင်းလွှတ်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် ကဝမြို့ကျက်သရေဆောင် ငါးထပ်ကြီးရုပ်ပွားတော်မြတ်ကြီးအား စုပေါင်းရေသပ္ပါယ်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများထွန်းညှိ၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့သည်။ မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်ဒေသများတွင်လည်း ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များ ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment