လူထုအခြေပြုဗဟိုဌာန(ပုဏ္ဏားကျွန်းမြို့)၌ အခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီ သင်တန်းများဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူထုအခြေပြုဗဟိုဌာန(ပုဏ္ဏားကျွန်းမြို့)၌ အခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီ သင်တန်းများဆင်းပွဲကျင်းပ






MNP ၊  ဧပြီ ၆

  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီသင်တန်းများဆင်းပွဲကို ယနေ့၊ နံနက်(၉)နာရီက  အဆိုပါမြို့နယ်ရုံး၏ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။ 


အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက သင်တန်းသား/သူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်များ အလိုက် အခြေခံပညာရပ်ကို နားလည်တတ်မြောက်ပြီးဖြစ်သော်လည်း ဆက်လက်လေ့လာ သင်ယူကြရမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားသည်။


   ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  သင်တန်းနည်းပြ ဆရာမ တို့ကို အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီသင်တန်းသို့ တက်ရောက်သင်ယူခဲ့ကြသော သင်တန်းသား/သူများအား ဦးစီးအရာရှိနှင့်တာဝန်ရှိသူတို့က သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။


ကွန်ပျူတာသင်တန်းကို မတ်လ ၁၆ ရက်နေ့တွင် လည်းကောင်း၊ အင်္ဂလိပ်စာသင်တန်း ကို မတ်လ ၁၈ ရက်နေ့နှင့်ပန်းချီသင်တန်းကို မတ်လ ၂၀ ရက်နေ့များတွင် စတင်ဖွင့်လှစ်ပြီး၊ သင်တန်းသားလူငယ်(၅၂)ဦး တက်ရောက်ကာ ရက်သတ္တပတ်(၃)ပတ်ကြာ(အခမဲ့)သင်ကြား ပို့ချပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)