နွေရာသီ ကျောင်းပိတ်ရက်တွင် ပြည်သူ့စာကြည့်တိုက် သို့စာအုပ်၊စာစောင် လာရောက်ဖတ်ရှုသူများပြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နွေရာသီ ကျောင်းပိတ်ရက်တွင် ပြည်သူ့စာကြည့်တိုက် သို့စာအုပ်၊စာစောင် လာရောက်ဖတ်ရှုသူများပြား





MNP ၊  ဧပြီ ၆

မွန်ပြည်နယ် ပေါင်မြို့နယ် တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားလူငယ်များစာအုပ်စာစောင်လာရောက်ဖတ်ရှုသူနှင့်ငှားရမ်းသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ပြည်သူ့စာကြည့်တိုက် တွင် ယနေ့နံနက်ပိုင်းက  တိုးတက်များပြားလျှက်ရှိကြောင်းသိရသည်။


ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည်နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ကျောင်းသူများ အတွက်အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ၊ပြင်ပစာပေဗဟုသုတများကိုလေ့လာနိုင်စေရန်၊စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် ၊ကလေးစာဖတ်ခန်း၊လူထုအခြေပြုဗဟိုဌာန(Community Centre)တို့တွင်အသိပညာပေးလုပ်ငန်းများ ဟောပြောပွဲ များ၊ပြပွဲများ၊ပြိုင်ပွဲများပြုလုပ်ပေးလျှက်ရှိပြီး  နေ့စဉ်စာအုပ်စာစောင် ငှားရမ်းဖတ်ရှုလျှက်ရှိသောကျောင်းသား၊ကျောင်းသူများသည် ရွှေသွေးဂျာနယ်၊တေဇစာစောင်နှင့်ပုံပြင်စာအုပ်များ၊ရုပ်ပြ၊ဥာဏ်စမ်းပဟေဠိစာအုပ်များကို  အများဆုံးငှားရမ်းဖတ်ရှုကြပြီး   ပြသထားသည့်  အသိပညာပေးနံရံကပ်စာစောင်များကိုလေ့လာဖတ်ရှုလျှက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)