ရသေ့တောင်မြို့၌နံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌နံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲဆောင်ရွက်





MNP ၊  ဧပြီ ၂၁  

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့၌ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုသိရှိစေရန် အလုပ်ခေါ်ကြော်ငြာစာများ၊ဓါတ်ပုံများကို နံရံကပ်ပြဘုတ်တွင် ယနေ့ နေ့လည် ၁၂နာရီအချိန်ကရသေ့တောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြသခဲ့သည်။


အဆိုပါနံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲတွင် ဘွဲ့ရရှိပြီး လုပ်ငန်းခွင်သို့ဝင်ရောက်ရန် စောင့်နေသူများနှင့် တက္ကသိုလ်ဝန်တန်းအောင်မြင်ပြီး လုပ်ငန်းခွင်ဝင်ရောက်လိုသူများကို အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ ကြော်ငြာစာများကို တစ်လလျှင် (၂) ကြိမ် ကြောငြာစာများ ပြသသွားမည် ဖြစ်ကြောင်း ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက ရှင်းလင်းပြောကြားခဲ့ရာ ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment