အရာတော်မြို့နယ် ဆင်တလည် ကျေးရွာဓမ္မာရုံအတွင်းမှ PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်မြို့နယ် ဆင်တလည် ကျေးရွာဓမ္မာရုံအတွင်းမှ PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


MNP ၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဆင်တလည်ကျေးရွာအနီးတွင် ဧပြီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်၌ လုံခြုံရေးတပ်ဖွဲ့များသည် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် PDFအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖောက်ခွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏တောင်ဘက်သို့ ထွက်ပြေးသွားကြသည်။ 

လုံခြုံရေးတပ်ဖွဲ့များက အခင်းဖြစ်နေရာအနီးအား ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ကျေးရွာဓမ္မာရုံအတွင်းမှ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ်ဗုံးသီး ၄ လုံး၊ လက်လုပ်မိုင်း ၂၂ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၆ လုံး၊ လက်လုပ်ပြောင်းချောသေနတ် ၃ လက်၊ ၁၂ ဗို့ကျည် ၅၀ တောင့်၊ ယမ်းမှုန့် ၁ ထုပ်၊ ဘက္ထရီအိုး ၆ လုံးနှင့် ကျောပိုးအိတ် ၁ အိတ်တို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)