ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနှင့် ဝန်းကျင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထပ်မံရှင်းလင်း ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနှင့် ဝန်းကျင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထပ်မံရှင်းလင်း ဆောင်ရွက်လျက်ရှိ

 


MNP ၊ ဧပြီ ၂၁ 

အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသော NUG ရုံးဖွင့်လှစ်သည့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အနီးဝန်းကျင်တွင် KIA/PDF အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားလျက်ရှိကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၁၉ ရက်တွင် နယ်မြေခံ တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှု အရ လုံခြုံရေး အဖွဲ့ဝင်များမှ စစ်နည်းဗျူဟာမြောက် ထိထိရောက်ရောက် ရှင်းလင်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများ အသုံးပြုသည့် ၁၂ ဗိုကျည် ၁၀ တောင့်၊  မိုင်းရှာစက်(Milelap) ၁ လုံး၊ ပြောက်ကျားယူနီဖောင်း(ဘတ်တံဆိပ်မပါ)  ၃ စုံ၊ ဆိုလာ(အလျား ၆ ပေ၊ အနံ ၃ ပေခန့်ရှိ) ၁ ချပ်၊ ဆန် ၂၁ အိတ်၊ ဆီ(၁၀ပိဿာ) ၁၂ ပုံး၊ အမယ်စုံ ၃အိတ်၊ စစ်သုံးဟန်းကော ၂ လုံး၊ ဗုံးခိုကျင်း(၈ ဦးဆံ) ၁ လုံး၊ သက်ကယ်မိုး၊ ဝါးကပ်ကာ လူနေတဲ(လူ ၂၀ ဦးဆံ့) ၁ လုံး၊ သက်ကယ်မိုး၊ ဝါးကပ်ကာ လူနေတဲ(လူ ၃ ဦးဆံ့) ၁ လုံး၊  သွပ်မိုး၊ ထရံကာ လူနေတဲ(လူ ၁၀ ဦးဆံ့) ၂ လုံး၊ ထမင်းစာတဲ(လူ ၂၀ ဆံ့) ဝါးစားပွဲတန်းနှင့် ခုံတန်းအပါ) ၁ လုံး၊ ဆိုင်ကယ်KENBO 125 အမျိုးအစား(အနက်ရောင်) ၁ စီး၊ DT အမျိုးအစား(အပြာရောင်)ဆိုင်ကယ် ၅ စီး၊ ၄၀ မမ စလွယ် ၁ ခု၊  သင်တန်းသားအမည်စာရင်း ၁ အုပ် ၁ အုပ်၊ ကင်းဇယားစာအုပ် ၁ အုပ် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။


ထပ်မံ၍ ဧပြီလ ၂၀ ရက်နေ့နံနက်ပိုင်း ၉နာရီခွဲတွင် ပဇီကြီးကျေးရွာ၏တောင်ဘက်သို့ လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းများနှင့် ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ   ဆန် ၂၅ အိတ်၊ ဆီ(၁၀ပိဿာ) ၂၃ ပုံး၊ အမယ်စုံ ၁ အိတ်၊  ဆိုလာ ၃ ချပ်၊  ဘက္ထရီအကြီး ၃လုံး၊ သွပ်မိုး၊ ထန်းလျက်ကာ ၁၂ ပေ ပတ်လည်တဲ  ၅ လုံး၊ သွပ်မိုး၊ ထန်းလျက်ကာ ၃၀ ပေ ၊ ပတ်လည်တဲ ၅လုံး၊ KENBO အနက်ရောင် ၁ စီး တိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ဆက်လက်၍ စုံစမ်းစစ်ဆေး ခြင်းများနှင့် ရှာဖွေဖော်ထုတ်ခြင်းများဆောင်ရွက်နေစဉ်  နေ့လယ် ၁နာရီခွဲခန့်တွင် KIA/ PDF အကြမ်းဖက်သမားများသည် အဝေးမှ ရမ်းသမ်းပစ်ခတ် ခိုက်တိုက်ခဲ့ရာ လုံခြုံရေး အဖွဲဝင်များမှ မြေပြင်၊ ဝေဟင်ချိတ်ဆက်မှုတို့ဖြင့် ပြန်လည်တိုက်ခိုက် ချေမှုန်းခဲ့ရာ အကြမ်းဖက်များ အထိနာပြီး ဆုတ်ခွာထွတ်ပြေးသွားကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးအဖွဲ့ဝင်များမှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဖော်ပြပါ နေရာများအလိုက် အကြမ်းဖက်သမားများ၏ အလောင်း၊ ဘန်ကာများ၊ ခဲယမ်းနှင့် ဆေးပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပါသည်-

ပဇီကြီးကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် အရပ်ဝတ် ဝတ်ဆင်ထားသည့် အကြမ်းဖက် ကျားအလောင်း ၄ လောင်း ၊ တရုတ်အီကွေ့ မန့် ၂ ခု၊ -အမ်-၂၂ ကျည်အိမ် ၂ ခု၊ -၄၀ မမ ဗုံးသီး ၅ လုံး၊ ၄၀   မမစလွယ် ၁ ခု။

ပဇီကြီးကျေးရွာအစပ် နေရာတွင် -၄၀ မမကျည်ခွံ ၁၅ ခု။ 

ပဇီကြီးကျေးရွာ၏ ရွာအပြင် အရှေ့တောင်ဘက်တွင် ၇ . ၆၂ ကျည်ခွံ ၇၀ တောင့်။

ပဇီကြီးကျေးရွာ၏ အရှေ့တောင်ဘက် နေအိမ်အတွင်းမှ ဆေးပစ္စည်းမျိုးစုံ ပါရှိသည့် စက္ကူဖာ ၂ ဖာ/ ပလတ်စတစ်ကော်ပုံး ၁ ပုံး/ ဆာလာအိတ် ၃ အိတ်။

အလက(ခွဲ)ပဇီကြီး စာသင်ကျောင်း အတွင်းမှ ၂ ယောက်ပစ်သဲအိတ်ဘန်ကာ ၂ လုံး(အမိုးပါ)။

ကျောင်းခြံစည်းရိုးအတွင်းဘက်အနီး ဆက်သွယ်ရေးမြောင်း ၁ ခု 

ပဇီကြီးကျေးရွာ၏ ဘုန်းကြီးကျောင်းမှ ၂ ယောက်ပစ်သဲအိတ် ဘန်ကာ ၂ လုံး တို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 


ပဇီကြီးကျေးရွာတွင် ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်မှာ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသော NUG ရုံး ဖွင့်လှစ်ခြင်းကြောင့် နှိမ်နင်းခဲ့ရခြင်းဖြစ်ပြီ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မိစ္ဆာမီဒီယာများက လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုများ လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)