မာန်အောင်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်မြို့နယ် အခွန်ဦးစီးဌာနမှူး ရုံးဝန်ထမ်းများအားစာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်မြို့နယ် အခွန်ဦးစီးဌာနမှူး ရုံးဝန်ထမ်းများအားစာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေး



MNP ၊  ဧပြီ ၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကစာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာပေ ဖတ်ရှုမှု အဆင်ပြေစေရန်ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ် အရောက်( အခမဲ့)ငှားရမ်း ဝန်ဆောင်မှုပေးလျက်ရှိရာ ယနေ့ နံနက်၁၁နာရီက မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးဝန်ထမ်းများအား သွားရောက်ငှားရမ်း ပေးခဲ့သည်။


     မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်စာအုပ်များငှားရမ်းပေးရာတွင် သုတ/ရသ/ဝတ္တုစာအုပ်များနှင့်မဂ္ဂဇင်းစာအုပ်များကို တစ်ပတ် ငှားရမ်းပြီး တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်ဖြင့် ပြန်လည် လဲလှယ်ငှားရမ်းပေးသည့် စနစ်ဖြင့်(အခမဲ့)ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)