MNP ၊ ဧပြီ ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြွေချိုင်ကျေးရွာအုပ်စု၊ကြွေချိုင်လျိုပိတ်ဆည်တည်ဆောက်နေမှုအား ဧပြီလ၂ရက်နေ့၊ နေ့လယ်ပိုင်းက သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် အတူ ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်ရေဝပ်ဧရိယာပြည့်စေရေးနှင့် ရေဝပ်ဧရိယာအတွင်းရှိ အပင်များအချိန်မီ ရှင်းလင်းဖယ်ရှားပြီး သတ်မှတ်အရည်အသွေး ပြည့်မီစေရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment