မာန်အောင်မြို့ မြို့ဝင်/ထွက် ဆိုင်းဘုတ်အနီးဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ မြို့ဝင်/ထွက် ဆိုင်းဘုတ်အနီးဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်





MNP ၊  ဧပြီ ၂၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၇နာရီက မာန်အောင်မြို့ အနောက်စုရပ်ကွက်ရှိ မြို့ဝင်/ထွက်ဆိုင်းဘုတ်အနီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။


     အဆိုပါ စုပေါင်းသန့်‌ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ကမြို့ဝင်/ထွက်ဆိုင်းဘုတ်အနီးရှိချုံနွယ် ပိတ်ပေါင်း၊အမှိုက်များကို ခုတ်ထွင်ရှင်းလင်းသန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး အမှိုက်များကိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့်  စနစ်တကျ စွန့်ပစ်ခဲ့ကာ သန့်ရှင်းရေးများပြုလုပ်ခဲ့ကြောင်းသိရသည်။


  မာန်အောင်မြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင် သန့်ရှင် သာယာ လှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာနှင့်ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့တို့က အပတ်စဥ် စနေနေ့နံနက်တိုင်းတွင် သန့်ရှင်းရေးဆောင် ရွက်လျက်ရှိသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)