MNP ၊ ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တွင်ယနေ့နံနက် ၇း၀၀နာရီက ရွှေတောင် မြို့နယ် အတွင်း ဥပဓိရုပ်ကောင်းမွန်၍ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်းအထူးသန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများစဥ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အထူးသန့်ရှင်းရေးဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းက ရွှေတောင်မြို့၊ယွန်းတန်းရပ်ကွက် ၊ ဆယ်နာရီဈေးလမ်း၊ ရွှေမျက်မှန်ဘုရားဝန်းအတွင်းတွင် ပြုလုပ်ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဥက္ကဌ ဦးဟံဝင်းအောင် နှင့်အဖွဲ့ဝင်များ ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ( သရက်တောရပ်ကွက်၊ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များစုစုပေါင်းအင်အား (၄၅၀)ဦးခန့်ဖြင့် ပေါင်းမြက်များ၊အမှိုက်သရိုက်များ ဖယ်ရှား ရှင်းလင်းခြင်း၊ သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပြုလုပ်ခဲ့ပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဥ် သုံးစီးဖြင့် ဆည်ကြီးကုန်းကျေးရွာအုပ်စုရှိ စည်ပင်သာယာအမှိုက်ကန်သို့ စနစ်တကျ စွန့်ပစ်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment