ရွှေတောင်မြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာအုပ်စုအတွင်းရှိ လူနေအိမ်များအား ငွေကြေးနှင့် ပစ္စည်းများထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာအုပ်စုအတွင်းရှိ လူနေအိမ်များအား ငွေကြေးနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်




MNP ၊  ဧပြီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်း ဧပြီလ ၂၇ ရက်နေ့ ညနေ (၆:၄၅)နာရီအချိန်ခန့်က  ရုတ်တရက် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ရွှေတောင်မြို့နယ်အတွင်းရှိ သရက်တောရပ်ကွက် ၊ကျီးသဲကျေးရွာအုပ်စု၊ ကျောက်မြင့်ကျေးရွာအုပ်စု၊သရက်သုံးပင်ကျေးရွာအုပ်စုတို့တွင်လူနေအိမ် ( ၂)လုံးပြိုကျခဲ့ပြီး လူနေအိမ် ( ၈) အိမ် အမိုးလန် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။


          အဆိုပါ   လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ယမန်နေ့ ၊ နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများ၊  သက်ဆိုင်ရာရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ပြိုကျ / အမိုးလန် လူနေအိမ် ( ၁၀) အိမ်အတွက် ထောက်ပံ့ငွေ ( ၅၈၄၀၀၀/-) ၊ပြိုကျလူနေအိမ် ( ၂) အိမ်အတွက် တစ်အိမ်လျှင် ပစ္စည်း ( ၁၈)မျိုးပါ( ၂) ပုံးနှင့်  ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ Hygiene Kit တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း ( ၁၉) မျိုးပါပုံး ( ၂) ပုံး ၊တာပေါ်လင်စ ( ၂) စ နှင့် လီတာ ( ၂၀) ဆံ့ရေသန့်ဘူးခွံ ( ၂ ) ဘူးတို့အား ပေးအပ်ထောက်ပံ့ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)