ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign နှင့်အသိပညာပေးလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign နှင့်အသိပညာပေးလုပ်ငန်းဆောင်ရွက်




MNP ၊  ဧပြီ ၂၉

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ စစ်ကြောင်းကြီး ၅ ကြောင်းမှ လူမှုရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင်များဦးဆောင်၍ ယနေ့၊ နံနက် ၇ နာရီက လူစည်ကားသည့် ဈေးလမ်းဘေးဝဲယာတစ်လျှောက်နှင့်ဈေးတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများနှင့်ဖြတ်သန်း သွားလာသူများကို (Mask)နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးပြီး ချက်ချင်းတပ်ဆင်စေခြင်း၊ နေအိမ်အပြင်ထွက်ပါက(Mask)နှာခေါင်းစည်း တပ်ဆင်သွားကြရန်၊ အပြင်မှလာတိုင်း Hand Gal လက်သန့်ဆေးဖြင့် စနစ်တကျ လက်ဆေးကြရန်၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးများ ပြန်လည်တွေ့ရှိနေကြောင့် ဂရုစိုက်နေထိုင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံသွားကြရန် အသိပေးနိုးဆော်ခဲ့ကြသည်။


အဆိုပါ Mask Campaign ဆောင် ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်ကြောင်းကြီး ၅ ကြောင်းမှ လူမှုရေးအဖွဲ့ခေါင်းဆောင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)